မီဒီယာအများတွင် တိုင်းရင်းသားပါတီများကို ဖော်ပြမှုနည်း

မီဒီယာအများတွင် တိုင်းရင်းသားပါတီများကို ဖော်ပြမှုနည်း

ရန်ကုန်၊ အောက်တိုဘာ ၃၀ ။              ။  ရွေးကောက်ပွဲသတင်းများ ဖော်ပြကြရာတွင် မီဒီယာအများစုသည် တိုင်းရင်းသားပါတီများထက် ပါတီကြီးနှစ်ခုဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီနှင့် အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နှစ်ခုကိုသာ အသားပေးဖော်ပြနေကြသည်ဟု ရွေးကောက်ပွဲနှင့်ပက်သက်ပြီး မီဒီယာများကိုစောင့်ကြည့်လေ့လာနေသော အဖွဲ့တစ်ခုဖြစ်သည့် MID ၏ဒုတိယအကြိမ်မြောက် အစီရင်ခံစာတွင်ဖော်ပြသည်။

နိုင်ငံပိုင်မီဒီယာများတွင် နိုင်ငံတော်အာဏာပိုင်ပုဂ္ဂိုလ်များ၏ မဲဆွယ်လှုပ်ရှားမှု့အခြေအနေ နှင့် လှုပ်ရှားဆောင်ရွက်မှု့တွေကို အချိန်များစွာပေးပြီး ဖော်ပြနေဆဲဖြစ်ကြောင်း အာဏာပိုင် အများစုသည် ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် လွတ်တော်ကိုယ်စားလှယ်လောင်း များဖြစ်ကြပြီး အများစုမှာ အာဏာရပါတီ မှဖြစ်ကြသည် ဟု MID မှ မစတာ ရာစတို ကူကြိုး (Rasto Kuzal) က ပြောသည်။

ပါတီကြီးတွေကနေပြီးသတင်းယူဖို့လွယ်ကူပြီး ပါတီကြီးတွေက ပြောတာခေါ်တာ များတောသူတို့သတင်းတွေကအများဆုံးပါတာဖြစ်ပါတယ် တိုင်းရင်းသားပါတီတွေကျတော့ ဘယ်မှာတွေ့မယ်ဆိုတာပြောပြီးမှရတာပေါ့ ဟုမွန်အမျိုးသားပါတီ မှ ဒုတိယဥက္ကဋ္ဌ (၂) ဦးငွေသိန်းကပြောက ပြောကြားသည်။

"အများဆုံးစိတ်ဝင်စားတာပါတီကြီးနှစ်ခုပေါ့ ပြီးတော့ ပြသနာလည်းများတော့ လူစိတ်ဝင်စားတာပေါ့      ကျွန်တော်တို့တိုင်ရင်းသားပါတီတွေကျ ပြသနာကနည်းတာကိုး" ဟု ၎င်းကဆိုသည်။

မီဒီယာများအနေဖြင့် ကွဲပြားခြားနားသောနေရာပေးဖော်ပြကြကြောင်း၊သို့ရာတွင် အချို့သည် NLD အတွက်သတင်းဖော်ပြစရာနေရာ ဖန်တီးပေးထားသည်ကိုတွေ့ရှိရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

"သတင်းပေးဖို့လည်းအခက်ခဲရှိတယ် မီဒီယာတွေကလည်း လာဖို့အခက်ခဲရှိတယ် နေရာတွေက ဝေးတာကိုး ကျွန်တော်တို့ ဘက်ကလည်း သတင်းဖြစ်တာသိပ်မပေးနိုင်တာပါတယ် "ဟု ကယန်းအမျိုးသားပါတီ မှ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးနန်းရီကပြောပါသည်။

ရွေးကောက်ပွဲဆိုင်ရာ မီဒီယာများကိုစောင့်ကြည့်လေ့လာနေသည့် အဖွဲ့ဖြစ်သည့် MID သည် ရုပ်မြင်သံကြားလိုင်း (၅) လိုင်း၊ ရေဒီယိုလိုင်း (၈) လိုင်း၊ သတင်းစာ (၁၀) စောင်၊ အင်တာနက်သတင်းမီဒီယာ (၃) ခုတို့ကို ရွေးကောက်ပွဲအတွင်း မီဒီယာနယ်ပယ်တစ်ခုလုံး၏ ကျင့်ဝတ်လိုက်နာမှု့အတွက် အထောက်ပံ့ဖြစ်စေရန် စောင့်ကြည့်နေသည့်အဖွဲ့တစ်ခုလည်းဖြစ်ပါသည်။

ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း သတင်းမီဒီယာတို့၏လုပ်ဆောင်ပုံကို အများပြည်သူ၊ သတင်းမီဒီယာများ၊ အရပ်ဖက်လူမှု့အဖွဲ့စည်းများ၊ နိုင်ငံရေးပါတီများနှင့် နိုင်ငံတကာအသိုင်းဝိုင်းသို့ မျှဝေသွားမည်ဟုသိရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly