WHO က ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဘေးအန္တရာယ်ကို အမြင့်ဆုံးအဆင့် တိုးမြှင့်

WHO က ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဘေးအန္တရာယ်ကို အမြင့်ဆုံးအဆင့် တိုးမြှင့်

ဖေဖော်ဝါရီ ၂၉။             ။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အမြင့်ဆုံးအဆင့်သို့ တိုးမြှင့် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ထက် ‘စိုးရိမ်ကြောက်လန့်မှုတွေ၊ ကောလဟလတွေနဲ့ သတင်းတုတွေ’က ပိုပြီး ခြိမ်းခြောက်မှု ဖြစ်နေတယ်လို့ WHO အကြီးအကဲ တီဒရို့စ်အက်ဟန်နွမ်းက ပြောပါတယ်။

ခုလို ကိုရိုနာဗိုင်းရပ်စ် ဘေးအန္တရာယ်ကို အမြင့်ဆုံးအဆင့် သတ်မှတ်လိုက်ပေမယ့် ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကွင်းဆက်ပြတ်သွားမယ်ဆိုရင်တော့ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်တဲ့ အခွင့်အလမ်းက ရှိနေဆဲပဲ ဖြစ်တယ်လို့ ကုလ သမဂ္ဂ ကျန်းမာရေးအေဂျင်စီဖြစ်တဲ့ WHO က ဆိုပါတယ်။

လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံပေါင်း ၅၀ ကျော်မှာ ကူးစက်ဖြစ်ပွားနေပါတယ်။

အီရန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အနည်းဆုံး ၂၁၀ ရှိတယ်လို့ အီရန်ကျန်းမာရေးတာဝန်ရှိ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီ နှုန်းထားဟာ အစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့ နှုန်းထားထက် ခြောက် ဆကျော် ရှိနေတာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများစုကို ခြေရာခံနိုင်ပြီး သီးသန့်လူအုပ်စုတွေဆီ ကူးစက်ပျံ့နှံ့မှု ဖြစ်တာမျိုး သက်သေမတွေ့ရှိသေးကြောင်း ဂျီနီဗာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တီဒရို့စ်က ပြောပါတယ်။

ခုလို ဗိုင်းရပ်စ်ရဲ့ ဘေးအန္တရာယ် အဆင့်ကို တိုးမြှင့်တာဟာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ကြိုတင်ပြင်ဆင်ခြင်းမရှိတဲ့ အစိုးရတွေကို သတိပေးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ WHO ရဲ့ အရေးပေါ်ကျန်းမာရေးစီမံကိန်း အကြီးအကဲ ဖြစ်သူ ဒေါက်တာ မိုက်ရိုင်ယန်ကလည်း ပြောပါတယ်။

“ခင်ဗျားတို့အနေနဲ့ ခင်ဗျားတို့ နိုင်ငံသားတွေအတွက် တာဝန်ရှိတယ်။ ကမ္ဘာကြီးဟာ ကြိုတင်ပြင်ဆင် အသင့်ရှိနေဖို့အတွက် ခင်ဗျားတို့မှာ တာဝန်ရှိတယ်။”လို့ ဒေါက်တာ ရိုင်ယန်က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly