ကမ္ဘာကျော် ချီလီ ကဗျာဆရာကြီး ပါဘလို နေရူဒါရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို လေလံတင်မည်

ကမ္ဘာကျော် ချီလီ ကဗျာဆရာကြီး ပါဘလို နေရူဒါရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို လေလံတင်မည်
Photo  - AFP

ဖေဖော်ဝါရီ ၂၈။             ။ ကမ္ဘာကျော် ချီလီ ကဗျာဆရာ၊ နိုဘယ်လ်ဆုရှင် ပါဘလို နေရူဒါရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို လေလံတင်ရောင်းချသွားဖို့ စီစဉ်နေပြီ ဖြစ်ကြောင်း စပိန် အနုပညာပြခန်းတစ်ခုရဲ့ တာဝန်ရှိသူတွေက ထုတ်ပြန်လိုက်ပါတယ်။

ဒီ လေလံပွဲကိုတော့ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

လေလံတင်မယ့် ပစ္စည်းတွေထဲမှာတော့ ကဗျာဆရာကြီး နေရူဒါရဲ့ ဘဝဖြတ်သန်းမှုနဲ့ သက်ဆိုင်တဲ့ ကိုယ်ရေးကိုယ်တာ စာတွေ၊ ဓာတ်ပုံတွေ ပါဝင်နေတယ်လို့ သိရပါတယ်။

ချီလီနိုင်ငံသား ပါဘလို နေရူဒါကတော့ ကမ္ဘာကျော် ကဗျာဆရာတစ်ဦးဖြစ်သလို စာပေနိုဘယ်လ်ဆုရှင်လည်း ဖြစ်ပါတယ်။

၎င်းဖြတ်သန်းရာဘဝတစ်လျှောက် ကဗျာဆရာအဖြစ် ရပ်တည်ခဲ့သလို နိုင်ငံရေးလမ်းကြောင်းကိုလည်း ဖြတ်သန်းခဲ့ပြီး သံတမန်၊ လွှတ်တော်အမတ် စတဲ့ တာဝန်တွေကိုလည်း ထမ်းခဲ့သူ ဖြစ်ပါတယ်။

၎င်းဟာ ၁၉၇၃ ခုနှစ် စက်တင်ဘာ ၂၃ ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။

၎င်းရဲ့ ကဗျာလက်ရာတွေကတော့ အင်မတန် ကျော်ကြားခဲ့ပြီး ကမ္ဘာကိုပါ လွှမ်းမိုးနိုင်ခဲ့တဲ့ ကဗျာဆရာတွေအနက် တစ်ဦးဖြစ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly