အီးယူရဲ့ ကုန်သွယ်ရေးတောင်းဆိုချက်တွေကို ဗြိတိန် ပယ်ချ

အီးယူရဲ့ ကုန်သွယ်ရေးတောင်းဆိုချက်တွေကို ဗြိတိန် ပယ်ချ
Photo  - AFP

ဖေဖော်ဝါရီ ၂၈။           ။ နှစ်ဖက် အပေးအယူ မမျှခဲ့ရင် ဘရစ်ဇစ် နောက်ပိုင်း ကုန်သွယ်ရေးသဘောတူညီမှုက အီးယူရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာလိမ့်မှာ မဟုတ်ဘူးလို့ ဗြိတိန်နိုင်ငံက ကြာသပတေးနေ့မှာ သတိပေး ပြောဆိုပါတယ်။

ဒါအပြင် ဥရောပသမဂ္ဂ အီးယူမှ ဗြိတိန်နုတ်ထွက်မှု ဘရစ်ဇစ်နောက်ပိုင်း ကုန်သွယ်ရေးသဘောတူညီမှုဆီ ချည်းကပ်ရေးမှာ အီးယူနဲ့ အပေးအယူ မတည့်ဘူးဆိုရင် ဇွန်လမှာ ပြုလုပ်မယ့် ဆွေးနွေးပွဲတွေကိုလည်း ပယ်ဖျက်မှာဖြစ်တယ်လို့လည်း ခြိမ်းခြောက်ပြောဆိုပါတယ်။

စေ့စပ်ဆွေးနွေးမှုတွေဆီ ချည်းကပ်ဖော်ဆောင်နိုင်ဖို့ အီးယူဝန်ကြီးတွေရဲ့ ပူးတွဲမူကြမ်း ထုတ်ပြန်ပြီး နှစ်ရက်မြောက်မှာ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အစိုးရက ၎င်းတို့ရဲ့ အလျှော့မပေးတဲ့ ကိုယ်ပိုင်မူကြမ်းကို ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၃၁ ရက် ဘရစ်ဇစ်အကူးအပြောင်းကာလ အပြီးမသတ်ခင် အချုပ်အခြာ သာတူညီမျှခြင်းနဲ့အတူ မိတ်ဖက်ဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အခြေခံတဲ့ ဆက်ဆံရေး ထူထောင်သွားဖို့ ဗြိတိန်က ဆန္ဒရှိနေတယ်လို့လည်း တရားဝင်စေ့စပ်ညှိနှိုင်းရေးအဖွဲ့က ထုတ်ပြန်ချက်မူကြမ်းမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် အဆိုပါ မူကြမ်းထုတ်ပြန်ချက်မှာ ‘အီးယူနဲ့ တစ်တန်းတည်း ထားပြီး ဥပဒေတွေ ပြဌာန်းလိုက်နာမည် မဟုတ်သလို တရားစီရင်ရေးခုံရုံးလို အီးယူအဖွဲ့အစည်းတွေကို ဆက်လက်နာခံမှာ မဟုတ်ကြောင်း’ကို ဖော်ပြထားပါတယ်။

ဒီ မူကြမ်း ထုတ်ပြန်ချက်မှာ အီးယူနဲ့ ဗြိတိန် နှစ်ဖက်စလုံးဟာ ဇွန်လမကုန်ခင် သဘောတူညီချက် မူကြမ်း မဖော်ဆောင်နိုင်ခဲ့ဘူးဆိုရင် ဆွေးနွေးပွဲတွေကနေ ထွက်ခွာဖို့ ဆုံးဖြတ်ရမှာပဲ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly