မန္တလေး မဟာ မုနိ ဘုရားကြီး အကြိမ် ၇၀ မြောက် ရွှေမိုက် ထုတ်ယူခြင်းလုပ်ငန်း မှ ရွှေစတင်ထွက်ရှိ

မန္တလေး မဟာ မုနိ ဘုရားကြီး အကြိမ် ၇၀ မြောက် ရွှေမိုက် ထုတ်ယူခြင်းလုပ်ငန်း မှ ရွှေစတင်ထွက်ရှိ
(ဓာတ်ပုံ-အောင်ကိုဦး/မဇ္ဈိမ)

ဖေဖော်ဝါရီ ၂၇။          ။ မန္တလေး မဟာ မုနိ ဘုရားကြီး အကြိမ် ၇၀ မြောက် ရွှေမိုက် ထုတ်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျှက်ရှိရာ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ရွှေစတင်ထွက်ရှိလာပြီ ဖြစ်သည်။

ရွှေမိုက် ထုတ်ယူခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၆ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရွှေစတင်ထုတ်ယူနိုင်ခြင်းဖြစ်သည်။

မဟာမုနိ ဘုရားကြီးကို ရွှေလာရောက်ကပ်လှူ ရာတွင် ပါဝင်သည့် ရွှေလှောင်စက္ကူများ ဖိဂွမ်းများ ၊သစ်စေးလုံး၊ကော်ဇော၊ လက်သုတ်ပုဝါ၊ မျက်နှာကျက်တော် လှည်းကျင်းရာမှ ရရှိလာသည့် အထက်ရွှေမှုန့်၊ ပလ္လင်တော်အောက်လှည်းကျင်းရာမှရရှိသည့် အောက်ရွှေမှုန့်နှင့်ခြေသုတ်ဝတ်တို့မှရရှိသည့် ရွှေမှုန်များကို တစ်နှစ်ပတ်လုံး စုဆောင်းထားပြီး ယခုလို ရွှေမိုက် ထုတ်ယူခြင်းဖြစ်သည်။

ထိုသို့ ရွှေမိုက် ထုတ်ယူရာတွင် ၂၀၁၅ခုနှစ်၌ ရွှေ ၆ပိဿာ ၅၀ကျပ်သား၊၂၀၁၆ခုနှစ်၌ ၇ပိဿာ လေးကျပ်သား၊၂၀၁၇ခုနှစ်၌ ခုနှစ် ပိဿ ာ နီးပါး ၂၀၁၈ခုနှစ်၌ ၁၆ပိဿ ာကျော် နှင့် ၂၀၁၉ခုနှစ်၌ ရွှေရပိဿာ ကျော်ရရှိခဲ့ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly