ဂရိမှာ ရွှေ့ပြောင်းဝင်ရောက်သူတွေအတွက် စခန်းသစ်တွေ တည်ဆောက်တာကို ဆန္ဒပြရာ ထိပ်တိုက်တွေ့မှုဖြစ်၍ လူ ၆၀ ကျော် ဒဏ်ရာရ

ဂရိမှာ ရွှေ့ပြောင်းဝင်ရောက်သူတွေအတွက် စခန်းသစ်တွေ တည်ဆောက်တာကို ဆန္ဒပြရာ ထိပ်တိုက်တွေ့မှုဖြစ်၍ လူ ၆၀ ကျော် ဒဏ်ရာရ

ဖေဖော်ဝါရီ ၂၇။                 ။ ဂရိနိုင်ငံမှာ ရွှေ့ပြောင်းဝင်ရောက်သူတွေအတွက် စခန်းသစ်တွေ တည်ဆောက်တာအပေါ် လက်စ်ဘို့စ်မြို့နဲ့ ချီအို့စ်မြို့တွေမှာ ဆန္ဒပြကြရာမှာ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားပြီး အဓိကရုဏ်းနှိမ်နင်းရေးရဲတွေအများစု အပါအဝင် ဒဏ်ရာရသူ ၆၀ ကျော်ထက်မနည်း ရှိခဲ့ပါတယ်။

စခန်းတွေ တည်ဆောက်မယ့် လာ့ဘို့စ်မြို့က နေရာသုံးနေရာမှာ ဆန္ဒပြတာတွေ အရှိန်ပြင်းထန်ပြီး ရဲတွေကို ကျောက်တုံးကျောက်ခဲတွေနဲ့ ပစ်ပေါက်ကြပါတယ်။

ဂရိဝန်ကြီးချုပ် ကိုင်ရီယာကို့စ်မတ်ဆိုတာကစ်က တည်ငြိမ်အေးဆေးစွာ ရှိကြရန် တိုက်တွန်းပြီး ဒီ ပဋိပက္ခ အကျပ်အတည်းနဲ့ ပတ်သက်လို့ ဒေသအုပ်ချုပ်ရေးမှူးတွေနဲ့ မြို့တော်ဝန်တွေနဲ့ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
ချီအို့စ်မြို့က ဆန္ဒပြပွဲတွေမှာလည်း ရဲအချို့ ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။

လက်ဘို့စ်၊ ဆာမို့စ်၊ ချီအို့စ်နဲ့ ကို့စ်မြို့တွေက လူပြည့်သိပ်နေတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေရဲ့ အဆောက်အအုံတွေမှာ အစားထိုးပြီး အသစ်တည်ဆောက်ဖို့ အေသင်က အာဏာပိုင်တွေက ကတိကဝတ်ပြုထားတာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ ဂရိကျွန်းတွေဆီ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ခေါ်ယူတဲ့ ဦးရေနှုန်းထားကို ၄၂၀၀၀ ကနေ ၂၀၀၀၀ အထိ လျှော့ချသွားဖို့လည်း စီစဉ်နေပါတယ်။

တူရကီကမ်းလွန်က ဂရိကျွန်းငါးကျွန်းစလုံးဟာ ပြီးခဲ့တဲ့ နှစ်တွေက ဥရောပဆီ ပင်လယ်ဖြတ်ပြီး ဝင်ရောက်ဖို့ ကြိုးစာကြတဲ့ ရွှေ့ပြောင်းဝင်ရောက်သူ ထောင်ပေါင်းများစွာရဲ့ လာရာလမ်းကြောင်းမှာ ရှိနေတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ရွှေ့ပြောင်းဝင်ရောက်သူတွေအတွက် စင်တာသစ်တွေ တည်ဆောက်တာကို ပြည်တွင်းမှာ သည်းသည်းထန်ထန် ကန့်ကွက်လျက် ရှိနေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly