ဇာတ်မင်းသားကြီး နန်းဝင်းနှင့် နန်းခင်မွှေးတို့က ရန်ကုန်မြို့တွင် ဇာတ်ရုံဆောက်ကာ အပတ်စဉ် ဖျော်ဖြေမည်

ဇာတ်မင်းသားကြီး နန်းဝင်းနှင့် နန်းခင်မွှေးတို့က ရန်ကုန်မြို့တွင် ဇာတ်ရုံဆောက်ကာ အပတ်စဉ် ဖျော်ဖြေမည်

နန်းတော်ရှေ့ ဆရာတင်၏ မြေးများဖြစ်ကြသည့် ဇာတ်မင်းသားကြီး နန်းဝင်းနှင့် ညီမဖြစ်သူ ဇာတ်မင်းသမီးကြီး နန်းခင်မွှေးတို့ နှစ်ဦး ပူးပေါင်းပြီး ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ဇာတ်ရုံဖြင့် ကပြ ဖျော်ဖြေရန် စီစဉ်ထားကြောင်း ဇာတ်မင်းသားကြီး နန်းဝင်းက မဇ္ဈိမကို ပြောသည်။

ထိုဖျော်ဖြေမှုကို ရုံးပိတ်ရက်များဖြစ်သည့် စနေ၊ တနင်္ဂနွေများတွင် တင်ဆက်ဖျော်ဖြေသွားမည် ဖြစ်ပြီး နှစ်ပိုင်းခွဲ ကျင်းပမည် ဖြစ်သည်။ မြန်မာ့ရိုးရာ classical နှင့် ခေတ်ပေါ် ဇာတ်သဘင်တို့ဖြင့် တင်ဆက်သွားမည် ဖြစ်သည်။

ဇာတ်မင်းသားကြီး ဦးနန်းဝင်းက "အဲဒီ ဖျော်ဖြေပွဲအတွက် အခုဇာတ်တွေ တိုက်နေတယ်။ တင်ဆက်ပုံတွေ ပြောင်းထားတယ်။ ၂ ပိုင်း လုပ်ထားတယ်။ အပတ်စဉ် ကပြ ဖျော်ဖြေသွားမယ်။ ရုပ်သံ တွေမှာ ထုတ်လွှင့် ပြသဖို့အတွက်ကိုလည်း ချိတ်ထားပါတယ်" ဟု ပြောသည်။

ဒီဇင်ဘာလဆန်းတွင် စတင် ဖျော်ဖြေမည်ဖြစ်ပြီး ၃ လကျော်ကြာ အပတ်စဉ် ကပြ ဖျော်ဖြေ သွားမည်ဖြစ်ကာ ဝင်ကြေး ၅ ထောင်ကျပ် သတ်မှတ်ထားသည်။ ဇာတ်ရုံကိုလည်း ကိုယ်တိုင် ဆောက်လုပ် သွားမည် ဖြစ်ကာ နိုင်ငံခြားသားများလည်း လာရောက် ကြည့်ရှုနိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

ဇာတ်မင်းသားကြီး နန်းဝင်း၊ နန်းခင်မွှေးနှင့် ရဲမိုး၊ မိုးစက်၊ ဂျွန်မိုး၊ နေဇာမင်းတို့ မင်းသား ၄ ဦး တို့က ပင်တိုင် ကပြ ဖျော်ဖြေကြမည့်အပြင် အခြားသောသူများလည်း ပါဝင် ဖျော်ဖြေကြမည်ဟု သိရ သည်။

ဦးနန်းဝင်း ခေတ်က အောင်မြင်ခဲ့သည့် ဝတ္တုများကိုလည်း ကပြ ဖျော်ဖြေမည်ဖြစ်ကာ ဇာတ်သ ဘင် မင်းသားကြီး ဦးရွှေမန်းတင် အောင်မြင်ခဲ့သည့် ဇာတ်တော်များလည်း ကပြ ဖျော်ဖြေသွားမည်ဖြစ် သည်။

ဦးနန်းဝင်းက " ဇာတ်သဘင် ရသစစ်စစ်ကို အချိန်တိုတွင်းမှာ တင်ဆက်နိုင်အောင် ကြိုးစား ထားပါတယ်။ သို့သော် ဖျာနဲ့တော့ မဟုတ်ဘူး ထိုင်ခုံတွေနဲ့ ကြည့်ရှုရမှာပါ။ ည ၇ နာရီကနေ စတင် ဖျော်ဖြေ သွားမှာပါ။ ဇာတ်တော်တွေကိုလည်း အပိုင်း ၂ ပိုင်း ခွဲပြီး လာကြည့်သူတွေ စိတ်ဝင်စားအောင် တင်ဆက်သွားမှာပါ" ဟု ဆိုသည်။

၁၉၈၀ ခုနှစ်တွင် ရန်ကုန်သို့ ရောက်ရှိခဲ့ပြီး ယခင် ကဇာတ်ရုံ ဖြစ်ခဲ့သည့် သိမ်ဖြူကွင်းတွင် ဇာတ်မင်းသား စတင်ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ဇာတ်မင်းသားကြီး နန်းဝင်း၊ နန်းခင်မွှေးဆိုပြီး မောင်နှမ နှစ်ဦး ကပြ ဖျော်ဖြေခဲ့သည်မှာ နှစ်ပေါင်း ၃၆ နှစ် ရှိခဲ့ပြီး သံအရေးအခင်း ကာလတွင် ဇာတ်ကို ခေတ္တ နားထားခဲ့ရသည်။ လက်ရှိတွင် ရဲမိုး၊ မိုးစက်၊ ဂျွန်မိုး၊ နေဇာမင်းတို့ မင်းသား ၄ ဦးနှင့် တွဲဖက်ပြီး ရွှေနန်း သဘင်ဟုဆိုကာ ပြန်လည် ဖွဲ့စည်းခဲ့သည်။

ရန်ကုန်မြို့တွင် ဇာတ်ရုံတည်ဆောက်ပြီး ကပြဖျော်ဖြေမှုကို ရွှေမန်းသဘင် မျိုးဆက်ဖြစ်သည့် အနော်မာသုခုမ၏ ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်းက  မိုးရာသီ အပတ်စဉ် အထူးဖျော်ဖြေပွဲ အနေဖြင့် အပတ်စဉ် သောကြာ၊ စနေနေ့တိုင်း တပတ်ကို နှစ်ရက် ရန်ကုန်မြို့ ကရဝိတ်နန်းတော် မြက်ခင်းပြင်၌ ဇာတ်ရုံတည်ဆောက်ပြီး ဖျော်ဖြေ တင်ဆက်ခဲ့ရာ ပရိသတ်အားပေးမှု အများအပြား ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly