လင်းနို့ဒီဇိုင်းပုံစံမော်တော်ကားကို မော်စကိုရဲတွေက သိမ်းဆည်း

လင်းနို့ဒီဇိုင်းပုံစံမော်တော်ကားကို မော်စကိုရဲတွေက သိမ်းဆည်း
Photo  - AFP

ဖေဖော်ဝါရီ ၂၇။             ။ ရုရှားနိုင်ငံမြို့တော် မော်စကိုမှာမှာ ကြောက်မက်ဖွယ်လင်းနို့ဒီဇိုင်းပုံစံနဲ့ ပြုလုပ်ထားတဲ့ မော်တော်ကားတစ်စီးကို အာဏာပိုင်တွေက သိမ်းဆည်းလိုက်ကြပါတယ်။

Batman V Superman ရုပ်ရှင်ထဲက စူပါဟီးရိုးဇာတ်ကောင်နဲ့ပုံစံတူတဲ့ အဲဒီလင်းနို့ပုံစံကားဟာ လမ်းအန္တရာယ်ကင်းရှင်းရေးစည်းမျဉ်းစည်းကမ်းတွေနဲ့မကိုက်ညီတဲ့အတွက် စိုးရိမ်တာကြောင့် မော်စကိုယာဉ်ထိန်းရဲတွေက သိမ်းယူလိုက်ကြတာပါ။‌

ကိုယ်ပိုင်ဒီဇိုင်းထွင်ထားတဲ့ အဆိုပါကားကို မော်စကိုမြို့လယ်ခေါင်ကနေ ဖမ်းဆီးသိမ်းယူခဲ့တာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ နယ်မြေဌာနခွဲတစ်ခုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီကားဟာ စက်ရုံကနေထုတ်လုပ်ထားတဲ့ပုံစံမဟုတ်သလို တရားဝင်မှတ်ပုံတင်ထားခြင်းလည်းမရှိဘဲ အများသုံးလမ်းမပေါ်မောင်းနှင်နိုင်တယ်ဆိုတဲ့  အသိအမှတ်ပြုထောက်ခံချက်လည်း ရရှိထားပုံမပေါ်ပါဘူး။

အနီးကပ်ကြည့်ရှုစစ်ဆေးကြည့်တဲ့အခါ ကားဟာ အများသုံးလမ်းမပေါ်မှာမောင်းနှင်ဖို့ အန္တရာယ်ကင်းပုံမပေါ်ဘူးလို့ ရဲတွေက မှတ်ချက်ပြုခဲ့ကြပါတယ်။

ဒါ့အပြင် ကားရဲ့ အရွယ်အစားပမာဏဟာ လက်သင့်ခံနိုင်တဲ့ စံသတ်မှတ်ချက်တွေထက် ကျော်လွန်နေတယ်လို့လည်း တာဝန်ရှိသူတွေက ဆိုပါတယ်။

လင်းနိုဒီဇိုင်းပုံ ကားပိုင်ရှင်ဖြစ်တဲ့ မော်စကိုက အသက် ၃၂ နှစ်အရွယ် အမျိုးသားကိုလည်း ယာဉ်နဲ့ပတ်သက်တဲ့ သက်သေခံအထောက်အထားစာရွက်များမရှိခြင်း၊ ကားအရွယ်အစားနဲ့အလေးချိန်လွန်ကဲနေခြင်းနဲ့ ကားဟာ လမ်းမပေါ်မောင်းဖို့ ခွင့်မပြုနိုင်တဲ့ ပုံမမှန်အသွင်အပြင်လက္ခဏာတွေရှိနေခြင်း စတဲ့ စွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly