အမေရိကန်တွင် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပရန် ဒေါ်နယ်ထရမ့် စီစဉ်

အမေရိကန်တွင် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပရန် ဒေါ်နယ်ထရမ့် စီစဉ်
Photo - AFP

ဖေဖော်ဝါရီ ၂၆ ။                   ။ အမေရိကန်နိုင်ငံ လက်စ်ဗီးဂတ်စ်မြို့တွင် အာဆီယံထိပ်သီးအစည်းအဝေးတစ်ရပ် ကျင်းပရေး သမ္မတ ဒေါ်နယ်ထရမ့် စီစဉ်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပဲယိုးက ပြော သည်။

လာမည့်လတွင် ကျင်းပမည့် အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) ခေါင်းဆောင်များကို သမ္မတ ထရမ့်က ဖိတ်ကြားထားကြောင်း မိုက် ပွန်ပဲယိုးက ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောသွားသည်။

လက်ရှိကာလ ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် အဆိုပါ အာဆီယံ ဆယ်နိုင်ငံ ခေါင်းဆောင်များနှင့်အကြား ထိပ်သီးအစည်းအဝေး နှောင့်နှေးသွားနိုင်သလား ဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ ဖြေကြားစဉ် မိုက် ပွန်ပဲယိုးက အထက်ပါအတိုင်း လာမည့်လတွင် အစည်းအဝေး ကျင်းပရန် ရှိကြောင်း အတည်ပြုသွားခဲ့ခြင်း ဖြစ်သည်။

“အာဆီယံ ထိပ်သီးအစည်းအဝေးကတော့ ကျင်းပဖို့ ကျွန်တော်တို့ စီစဉ်လုပ်ဆောင်နေပါတယ်၊ မတ်လ ဒုတိယအပတ်ထဲ လက်စ်ဗီးဂတ်စ်မှာပါ” ဟု ပွန်ပဲယိုးက ပြောသွားသည်။

အဆိုပါ ထိပ်သီးအစည်းအဝေးတွင် သမ္မတ ထရမ့်လည်း တက်ရောက်မည်ဖြစ်ပြီး လက်စ်ဗီးဂတ်စ်မြို့တွင် လာမည့် မတ်လ ၁၂ ရက်တွင် ကျင်းပရန် စီစဉ်ထားကြောင်း သံတမန်များကလည်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly