ဂျာမနီက ကာနီဗယ်လှည့်လည်ပွဲမှာ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်လို့ လူ ၃၀ ခန့် ဒဏ်ရာရ

ဂျာမနီက ကာနီဗယ်လှည့်လည်ပွဲမှာ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်လို့ လူ ၃၀ ခန့် ဒဏ်ရာရ

ဖေဖော်ဝါရီ ၂၅ ။                ။ ဂျာမနီနိုင်ငံမှာ ကာနီဗယ်လှည့်လည်ပွဲ ကျင်းပနေချိန် စီတန်းသွားလာနေတဲ့ လူတွေထဲ ကားတစ်စီးက ဝင်တိုက်ခဲ့တာကြောင့် လူ ၃၀ လောက် ထိခိုက်ဒဏ်ရာတွေ ရသွားတယ်လို့ သိရပါတယ်။

ဒဏ်ရာရသူတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်သလို တချို့ကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ်။

ဒီ ဖြစ်စဉ်ကတော့ ဂျာမနီ မြို့ငယ်လေးတစ်ခုဖြစ်တဲ့ Volkmarsen မှာ ယမန်နေ့ ဖေဖော်ဝါရီ ၂၄ ရက်က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကားဒရိုင်ဘာကို ရဲတွေက ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဖမ်းဆီးထားတဲ့ ကားသမားကတော့ အသက် ၂၉ နှစ်အရွယ် ဂျာမနီနိုင်ငံသားတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

ဒီ ကားသမား ဘာကြောင့် ခုလို ကားနဲ့ ဝင်တိုက်ရသလဲ ဆိုတာနဲ့ ရည်ရွယ်ချက်ကို ရဲတွေက ထုတ်ပြန်ခြင်း မရှိသေးဘဲ စုံစမ်းစစ်ဆေးပြီးမှသာ ထုတ်ပြန်မယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly