တရုတ်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအဖြစ် လွှတ်တော်ကို ရွှေ့ဆိုင်း

တရုတ်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအဖြစ် လွှတ်တော်ကို ရွှေ့ဆိုင်း

ဖေဖော်ဝါရီ ၂၅ ။               ။ တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုအရေးကို ရင်ဆိုင်တွန်းလှန်နေရတာကြောင့် ယဉ်ကျေးမှုတော်လှန်ရေး နောက်ပိုင်းကစပြီး ပထမဆုံးအဖြစ် နှစ်ပတ်လည် လွှတ်တော်အစည်း ဝေးတွေကို ရွှေ့ဆိုင်းကြောင်း တနင်္လာနေ့က ဆုံးဖြတ်လိုက်ပါတယ်။

သမ္မတ ရှီကျင့်ဖျင်အပါအဝင် ထိပ်တန်းကွန်မြူနစ်ပါတီခေါင်းဆောင်တွေက အမျိုးသား ပြည်သူ့ကွန်ဂရက် NPC ရဲ့ နှစ်စဉ်စည်းဝေးပွဲသို့ တက်ရောက်ခဲ့ပေမယ့် တာဝန်ရှိသူတော်တော်များများက ကိုရိုနာဗိုင်းရပ်စ်အရေးကို မြေပြင်မှာ ကွင်းဆင်းဆောင်ရွက်နေရတာ ဖြစ်ပါတယ်။

NPC ရဲ့ အမြဲတမ်းကော်မတီက တနင်္လာနေ့မှာ တွေ့ဆုံပြီး မတ် ၅ ရက်မှာ စတင်ရန် ရှိတဲ့ လွှတ်တော်ကို ရွှေ့ဆိုင်းခြင်းက သင့်တော်ကြောင်း ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ နိုင်ငံပိုင် CCTV ရုပ်သံက ကြေညာပါတယ်။ လွှတ်တော် ပြန်စတင်မယ့်နေ့ရက်အချိန်ကို နောက်ပိုင်းမှာ ကြေညာမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ရှစ်သောင်းနီးပါး ရှိနေပြီး ၂၅၀၀ ကျော်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ပုံမှန် လွှတ်တော်အစည်းအဝေး တက်ရောက်နေကြ ထိပ်တန်းတာဝန်ရှိသူတွေဟာ သူတို့ရဲ့ ဒေသတွေမှာ ကိုရိုနာအရေးကို ကိုင်တွယ်ဖြေရှင်းနေရပုံ ရှိပါတယ်။

မြို့တော် ပေကျင်းမှာလည်း နိုင်ငံရဲ့ အခြားနေရာကနေ လာရောက်သူတွေကို ရောဂါခြေချုပ် ထားရှိတဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ကျင့်သုံးနေတာကြောင့် တကယ်လို့သာ လွှတ်တော်ကို ကျင်းပမယ်ဆိုရင် ကိုယ်စားလှယ်ပေါင်း ၃၀၀၀ နီးပါး တက်ရောက်ကြဖို့ ရှိနေတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly