MSPP ကုမ္ပဏီမှ ဆီအုန်းဧကတစ်သောင်း ထပ်မံစိုက်ပျိုးမည့် စီမံကိန်းကိုဒေသခံ တောင်သူများကန့်ကွက်နေ

MSPP ကုမ္ပဏီမှ ဆီအုန်းဧကတစ်သောင်း ထပ်မံစိုက်ပျိုးမည့် စီမံကိန်းကိုဒေသခံ တောင်သူများကန့်ကွက်နေ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

တနင်္သာရီ၊ ဖေဖော်ဝါရီ ၂၄ ။                 ။ MSPP ကုမၸဏီမွ  တနင်္သာရီမြို့နယ် အတွင်း ဆီအုန်း ဧက တစ်သောင်းတိုးချဲ့စိုက်ပျိုးမည့် စီမံကိန်းကို မြန်မာနိုင်ငံရင်းနှီးမြုပ်နှံ မှုကော်မရှင် မှလုပ်ပိုင် ခွင့်ပေး ခြင်းသည်ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာ ဒေသခံပြည်သူများကန့်ကွက်နေကြောင်းသိရသည်။

အဆိုပါ လုပ်ပိုင်ခွင့် ရထားသော MSPP ကုမ္ပဏီ၏ ဆီအုန်း စိုက်ခင်း စီမံကိန်း ဧရိယာများ အတွင်း ဒေသခံ တောင်သူ ၅၀ ဦးခန့်၏ ဥယျာဉ်ခြံမြေ ဧက ၈၀၀ ကျော် ပါဝင်နေ၍ တနင်္သာရီမြို့နယ်နှင့် မြိတ် မြို့နယ်ရှိ   အထွေထွေအုပ်ချုပ်ရေးမှုးရုံးများတွင် ကုမ္ပဏီနှင့် တောင်သူများကို ခေါ်ယူကာ သုံးပွင့်ဆိုင် ညှိနှိုင်းပေး နေရကြောင်း သိရ သည်။

MSPP ကုမ္ပဏီမှ မန်နေဂျာ ဦးအောင်အောင်ဖြိုးက“အခု ဒေသခံ တောင်သူတွေ တင်ပြလာတဲ့ အပေါ်မှာ မြေယာနဲ့ ပတ်သက်ပြီး၊ သက်ဆိုင်ရာက သုံးပွင့်ဆိုင် ညှိနှိုင်း ပေးခဲ့တာ ဖြစ်တယ်”ဟု ပြောဆို သည်။
၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဆီအုန်း စိုက်ခင်း ဧက ၁၀၀၀၀ အတွက် မြေလွတ် မြေလပ် မြေရိုင်း ဥပဒေနှင့် အညီ MSPP ကုမ္ပဏီဖြင့် လျှောက်ထားခြင်းမျိုး မဟုတ်ဘဲ ဦးအောင်အောင်ဖြိုး အမည်ဖြင့် ပြန် လည် လျှောက်ထားရာမှ သက်ဆိုင်ရာ မြေစာရင်း ဦးစီးဌာနမှ ဒေသခံ တောင်သူများကို အသိပေး နောက်ကြသည့် အတွက် ပွင့်လင်း မြင်သာမှု မရှိဟု ဆိုကာ ကန့်ကွက်နေခြင်း ဖြစ်သည်။

MSPP ကုမ္ပဏီ အနေဖြင့် ဆီအုန်း စိုက်ခင်း ဧက တစ်သောင်း အတွက် မြေလွတ်၊မြေလပ်၊မြေရိုင်းဥပဒေနှင့်အညီ တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ခွင့်ပြု ချက်ဖြင့် လျှောက်ထား လုပ်ကိုင် နေကြောင်း ကုမ္ပဏီမှပြောသည်။

တောင်သူများ၏တင်ပြချက်အပေါ် အစိုးရ၊ကုမ္ပဏီနှင့်တောင်သူတို့ သုံးပွင့်ဆိုင်ဆွေးနွေးသည့်အခါအစိုးရအနေဖြင့် သီးခြားမြေယာစီစစ်ရေးအဖွဲ့ဖြင့်ြပန်လည်စစ်ဆေးဖို့သဘောတူခဲ့ကြောင်းသိရသည်။
တောင်သူ ဦးစောအဲ့ဖရစ်က“အစိုးရက ကုမ္ပဏီကို မြေဧက တစ်သောင်းကို ပြန်လည် ချပေးတာက တောင်သူတွေကို အသိပေးတာမျိုး မရှိဘူး၊ ပွင့်လင်း မြင်သာမှု မရှိဘူးလို့ မြင်ပါတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်တို့ တောင်သူတွေရဲ့ သဘောထားကို မမေးဘဲနဲ့ အထက်က ချပေးလိုက်သလိုမျိုး ဖြစ်နေတယ်”ဟု ပြောသည်။

MSPP ကုမ္ပဏီ သည် ၂၀၁၁- ၂၀၁၂ ခုနှစ်တွင် ဆီအုန်း စိုက်ခင်း အတွက် မြေယာများကို အပြောင်ရှင်းကာ သစ်ထုတ် လုပ်ရေး အတွက် မြေဧက ၃၈၀၀၀ ကို ယခင် အစိုးရထံမှ လုပ်ပိုင်ခွင့် ရထားသော ကုမ္ပဏီ ဖြစ်ပြီး၊ လက်ရှိမှာ ဒေသခံ တောင်သူများနှင့် မြေယာ အငြင်းပွားမှု ဖြစ်ရာမှ ဧက ၂၈၀၀၀ ကို အစိုးရထံ ပြန်လည် အပ်နှံခဲ့ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly