တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး လွှတ်တော်လမ်းကြောင်းအတိုင်းသာ သွားမည်

23 February 2020
တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး လွှတ်တော်လမ်းကြောင်းအတိုင်းသာ သွားမည်

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ လမ်းကြောင်း အတိုင်းသာ သွားမည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောသည်။ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်တပ်မတော်အကြီးအကဲနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကြား တွေ့ဆုံဆွေးနွေးမှု ရှိ၊မရှိနှင့် ပတ်သက်ပြီး မေးမြန်းမှု အပေါ် ယခုကဲ့သို့ ပြန်လည် ဖြေ ကြားခြင်းဖြစ်သည်။ ဖေဖေါ်ဝါရီ ၂၂ရက်နေ့က နေပြည်တော် စစ်သမိုင်းပြတိုက်တွင်တွင် ပြု လုပ်သည့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရိုက်ကူး-အောင်မြတ်သူ/ တည်းဖြတ်- သန်းထိုက်အောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly