တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်နေလို့ ဗိုင်းရပ်စ် သတိပေးချက်ကို အမြင့်ဆုံးလယ်ဗယ် သတ်မှတ်

တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်နေလို့ ဗိုင်းရပ်စ် သတိပေးချက်ကို အမြင့်ဆုံးလယ်ဗယ် သတ်မှတ်

ဖေဖော်ဝါရီ ၂၃ ။                 ။  ကိုရိုနာဗိုင်းရပ်စ် နဲ့ပတ်သက်လို့ အန္တရာယ်သတိပေးချက်ကို အမြင့်ဆုံးလယ်ဗယ်အထိ တိုးမြှင့်လိုက်ကြောင်း တောင်ကိုရီးယားအစိုးရက ဖေဖော်ဝါရီ ၂၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံမှာ နောက်ထပ် ဗိုင်းရပ်စ် ကူးစက်သူ ထပ်တိုး ၁၆၉ ဦး ရှိလာပြီး သေဆုံးသူ သုံးဦး ထပ်တိုးလာခဲ့ပြီးနောက် ခုလို သတိပေးချက်ကို စိုးရိမ်ဖွယ်ရာ အနေအထားအထိ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတောင်ပိုင်း ဒယ်ဂူးမြို့ ဘာသာရေးဂိုဏ်းတစ်ခုကနေ ကူးစက်မှုဖြစ်စဉ်အသစ်တွေ ရုတ်တရက် တိုးလာပြီးနောက်ပိုင်းမှာ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း အလျင်အမြန် တက်လာခဲ့တာ ဖြစ်ပါတယ်။

ယင်းနိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူပေါင်း ၆၀၂ ဦး ရှိနေပြီဖြစ်ကာ ယင်းကတော့ တရုတ်ပြင်ပ နိုင်ငံတွေထဲမှာ အမြင့်ဆုံးနှုန်းထား ဖြစ်ပါတယ်။

“ COVID-19 ကူးစက်မှုနှုန်းက အတော့်ကို စိုးရိမ်စရာ ကောင်းလာပါတယ်၊ လာမယ့် ရက်အနည်းငယ်ကတော့ အင်မတန် အရေးကြီးလာပါတော့မယ်၊ ဒါကြောင့် ဗိုင်းရပ်စ် သတိပေးချက်ကို အမြင့်ဆုံးအဆင့် တိုးမြှင့်ပါတော့မယ်” ဆိုပြီး သမ္မတ မွန်ဂျေအင်းက ပြောကြားသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly