အမေရိကန်နှင့် မဟာမိတ်များမှာ ရုရှနှင့်စစ်တိုက်ရန် ပြင်ဆင်နေဟုဆို

အမေရိကန်နှင့် မဟာမိတ်များမှာ ရုရှနှင့်စစ်တိုက်ရန် ပြင်ဆင်နေဟုဆို

တီဟီရန်၊ အောက်တိုဘာ-၃၀ ။                ။ ရုရှ၏ နယ်စပ်နိုင်ငံများတွင် စစ်တပ်များနှင့် လက်နက်ကြီးများ ပိုမိုဖြန့်ချထားရန် အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်များ၏ ဆုံးဖြတ်ချက်က ဝါရှင်တန်အနေဖြင့် ရုရှနှင့်စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်လျှက်ရှိသည်ကို ဖော်ပြနေသည်ဟု အမေရိကန်ဂျာနယ်လစ်နှင့် တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောကြားခဲ့သည်။

‘သူတို့က ရုရှနဲ့ စစ်တိုက်ဖို့ အထင်အရှားကြီးကို ပြင်ဆင်နေကြတာပါ။ သူတို့ဟာ ပုံစံဟောင်းစစ်မျက်နှာမှာ ပြင်ဆင်နေရုံတင်မကဘဲ ရုရှရဲ့ တံခါးဝမှာလည်း ရန်စတဲ့ အပြောအဆိုတွေနဲ့   ပြင်ဆင်နေကြတာပါ’ဟု အမေရိကန် ဂျာနယ်လစ်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒွန်ဒီဘာက အောက်တိုဘာလ ၂၉ရက်နေ့က ပရပ်စ်တီဗီနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

အောက်တိုဘာလ ၂၈ရက်နေ့က Wall Street ဂျာနယ်၏ သတင်းတစ်ပုဒ်အရ အမေရိကန်နှင့် မဟာမိတ်များက ပိုလန်၊ အက်စတိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူရေးနီးယားတို့တွင် ဖြန့်ချထားမည့် တပ်ရင်း၄ခုအနက် တစ်ခုစီတွင် အကြမ်းဖျင်း တပ်သား ၈၀၀မှ ၁၀၀၀အထိ တပ်စွဲထားမည်ဖြစ်သည်ဟု ဆိုသည်။

ထိုနိုင်ငံများတွင် ၎င်းတို့၏ စစ်အင်အားများ တက်ကြွစွာရှိနေကြောင်းကို ရုရှသမ္မတ ဗလာဒီမီယာ ပူတင်အား သိရှိစေလိုသည့် လှုပ်ရှားမှုဖြစ်သည်ဟု အမေရိကန်အာဏာပိုင်များက ပြောကြားခဲ့သည်။

‘ဒါက မကောင်းတဲ့လက္ခဏာပါ။ ခင်ဗျားနဲ့ စစ်တိုက်ဖို့ အစီအစဉ်မရှိဘူးဆိုရင် ခင်ဗျားအိမ်ရဲ့ တံခါးဝမှာ ဘယ်သူမှ စစ်တပ်လာထားမှာ မဟုတ်ပါဘူး’ဟု ဒီဘားက ပြောကြားခဲ့သည်။ ‘ဒါပေမယ့်လည်း ဒီသဘောသက်ရောက်တယ်ဆိုတာကို အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေကြတဲ့ ပြည်သူအများစုက မသိကြတာက ပြဿနာပါ’’ဟုလည်း ၎င်းက ထပ်လောင်းပြောပြောကြားခဲ့သည်။  

နေတိုး၊ အမေရိကန်နှင့် ရုရှတို့ကြားက စစ်ပွဲကြောင့် လူသားမျိုးနွယ် အဆုံးသတ်မသွားလျှင်သော်မှ လူသား၏ သာယာသောအနာဂတ် အဆုံးသတ်ခြင်းမည်လိမ့်မည်ဟုလည်း ဒီဘားက ကောက်ချက်ဆွဲ ပြောကြားခဲ့သည်။

ယူကရိန်းအရေးကြောင့် အမေရိကန်ပြည်ထောင်စုနှင့် ရုရှတို့၏ ဆက်ဆံရေးမှာ စစ်အေးခေတ်နောက်ပိုင်းတွင် အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

၂၀၁၄ခုနှစ် ဖေဖော်ဝါရီလက ယူကရိန်း၏ ရွေးကောက်ခံသမ္မတ ဗစ်တာ ယာနုကိုဗစ်ကို အမေရိကန်ကျောထောက်နောက်ခံပြု အင်အားစုများက ဖြုတ်ချဖယ်ရှားပြီးနောက်ပိုင်းတွင် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ဆိုးရွားလာခဲ့သည်။

အမေရိကန်နှင့် မဟာမိတ်များက မော်စကိုက ရုရှလိုလားသည့် အင်အားစုများကို ထောက်ခံသည့်အနေဖြင့် ယူကရိန်းအရှေ့ပိုင်းသို့ တပ်များစေလွှတ်နေသည်ဟု စွပ်စွဲထားသော်လည်း မော်စကိုကမူ ယူကရိန်းအရေးတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly