ဆီးရီးယားမြို့တစ်မြို့ ဒုံးကျည်တိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံးလူ ၄၀သေဆုံး

ဆီးရီးယားမြို့တစ်မြို့ ဒုံးကျည်တိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံးလူ ၄၀သေဆုံး

ဘေရွတ်၊ အောက်တိုဘာ ၃၀ ။                 ။ ဒမတ်စကတ်မြို့အနီး မြို့တစ်မြို့ရှိ ဈေးတစ်ခုအတွင်းသို့ ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်များက ဒုံးကျည်များဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၄၀သေဆုံးခဲ့ပြီး လူ ၁၀၀ခန့်ဒဏ်ရာရရှိခဲ့သည်ဟု ပဋိပက္ခလေ့လာစောင့်ကြည့်သူတစ်ဦးနှင့် ဒေသဆိုင်ရာကယ်ဆယ်ရေးအဖွဲ့တစ်ခုက အောက်တိုဘာ ၃၀တွင်ပြောကြားခဲ့သည်။

အစိုးရတပ်ဖွဲ့ဝင်များသည် ဒမတ်စကပ်၏ အရှေ့မြောက်ဘက် ၁၀မိုင်ခန့်အကွာရှိ ဒိုမာမြို့သို့ ဒုံးကျည် ၁၂စင်းဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောသည်။

ဒိုမာမြို့သည် မကြာသေးခင်လများအတွင်း ပြင်းထန်သောတိုက်ခိုက်မှုများအကြိမ်ကြိမ်တိုက်ခိုက်ခံခဲ့ရသည်။ ဆီးရီးယားစစ်တပ်ကမူ အနီးရှိ အစိုးရထိန်းချုပ်ထားသော ဧရိယာများသို့ တိုက်ခိုက်မှုပြုလုပ်နေသော သောင်းကျန်းသူအုပ်စုများကို ပစ်မှတ်ထားတိုက်ခိုက်သည်ဟု ပြောကြားခဲ့သည်။

Syrian Civil Defence အုပ်စုက ပလတ်စတစ်အခင်းများပေါ် မြေပြင်တွင် ရှိနေသော အလောင်းတစ်ဒါဇင်ခန့်၏ ဓါတ်ပုံတစ်ခုကို ၎င်းတို့၏ ဖေ့စ်ဘွတ်စာမျက်နှာပေါ်သို့ တင်ခဲ့ပြီး ပဲ့ထိန်းဒုံးများ၏ တိုက်ခိုက်မှုကြောင့် နောက်ထပ်လူ ၄၅ ဦးကျော်သေဆုံးသည်ဟု ပြောကြားခဲ့သည်။

ဒိုမာမြို့တွင် နေထိုင်သူအများအပြားမှာ မြို့မှ ထွက်ပြေးသွားပြီး အနီးရှိ ကျေးလက်ဒေသများသို့ ရွှေ့ပြောင်းသွားကြသည်။ ပြင်းထန်သည့်တိုက်ခိုက်မှုများကြောင့် များပြားလှသည့် ဒဏ်ရာရသူများကို ကုသနိုင်ရေးရုန်းကန်နေရသည်ဟု ဆေးဝန်ထမ်းများက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly