မြန်မာနိုင်ငံတွင် ငွေကြေးခဝါချမှုသတ်မှတ်ချက်များ အကုန်မလိုက်နာနိုင်သေး

မြန်မာနိုင်ငံတွင် ငွေကြေးခဝါချမှုသတ်မှတ်ချက်များ အကုန်မလိုက်နာနိုင်သေး
ဓာတ်ပုံ- ထက်မြတ် / မဇ္ဈိမ

မန္တလေး၊ ဖေဖေါ်ဝါရီ ၂၂။           ။ မြန်မာနိုင်ငံအား နိုင်ငံတကာမှ ငွေကြေးခဝါချမှုလုပ်ဆောင်ထားရှိမှုရှိ ၊မရှိကို လာရောက်စစ်ဆေးခဲ့ရာ ကိုက်ညီ မှုရှိသည်မှာ ၁၈ချက်သာရှိကြောင်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေး အဖွဲ့ မှ ရဲမှူးကြီး အောင်ကျော်စိုးက ပြောသည်။

“ မြန်မာနိုင်ငံအနေနဲ့ ငွေကြေးခဝါချမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက ၁၈ချက်ပဲလိုက်နာနိုင် တယ်၊ သူတို့သတ်မှတ်တာက အချက်နှစ်ဆယ်ကျော်မှ သူတို့က လက်ခံတာ၊ အချက်နှစ်ဆယ်မကျော်တဲ့အတွက် နားလည်အောင်ပြောရင်တော့ ကျွန်တော်တို့က စာမေးပွဲကျတယ်၊ စားမေးပွဲကျရင်ဘာဖြစ်လည်းဆိုတော့ စီး ပွားရေးပိတ်ဆို့မှုတွေခံရနိုင်တယ်” ဟု ၎င်းကပြောသည်။

စီးပွားရေးပိတ်ဆို့ခံရလျှင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမည်မဟုတ်ကြောင်း၊ မြန်မာနိုင်ငံအ တွင်း စီးပွားရေးလုပ်ဆောင်နေသော ငွေကြေးစီးဆင်းမှုကို ပိုမိုစောင့်ကြည့်ခြင်းစသည့်အခက်အခဲများကိုကြုံ တွေ့ရမည်ဖြစ်သည်။

ငွေကြေးခဝါချမှုဖြစ်စဉ်များထဲတွင် ငွေမဲများအား အိမ်ခြံမြေထဲကို ရင်းနှီးမြှုပ်နှံမှုအဖြစ်ပြုလုပ်နိုင်သောကြောင့် ငွေကြေးခဝါချမှုလျော့ကျသွားစေရန် နှင့် ငွေကြေးခဝါချမှုဥပဒေနှ င့် ညှိစွန်းကာ အကျိုးတော်ဆောင် များဥပဒေအရ အရေးယူခံရခြင်းမရှိစေရန် မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းအနေဖြင့် အသိပညာပေးသင်တန်းများ ကိုဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

“အာဂတိလိုက်စားမှုဥပဒေနဲ့ငွေ ကြေးခဝါချမှုဥပဒေတို့တဆက်တည်းပါ၊ Black Money ငွေမည်းဆိုတာက ရိုးရိုးသားသားရှာဖွေထားတဲ့ငွေကြေး ကိုဆိုလိုတာမဟုတ်ပါဘူး၊ တရားမဝင်တဲ့လုပ်ငန်းဆိုတာ မူးယစ် ဆေးဝါး ကုန်ကူးမယ်၊ လက်နက်ကုန်ကူးမယ် လူကုန်ကူးမယ်၊ ဒါမျိုးတွေကို အိမ်ခြံမြေထဲကို ကူးပြောင်း တာတွေ ရှိမယ်၊ အဲဒါကို ငွေကြေးခဝါချမှုလို့ ခေါ်ပါတ ယ်၊ အဲလိုဖြစ်လာရင် အိမ်ခြံမြေဝန်ဆောင်မှုလုပ်တဲ့သူတွေက စစ်ဆေးခံ ရပါ့မယ်၊ ဒါကြောင့်မို့ မိမိအခန်း ကဏ္ဍနဲ့ပက်သက်တဲ့ ဥပဒေတွေကို ဘာတာဝန်ရှိလဲဆိုတာကို သိထားဖို့ သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ပါတယ် “ ဟုမြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး အသ င်း ဥက္ကဋ္ဌဦးတင် မောင်ကပြောပါတယ်၊

မြန်မာနိုင်ငံအတွင်းရှိ အိမ်ခြံမြေအကျိုးဆောင်အများစုမှာ ဝန်ဆောင်မှုများကိုလုပ်ဆောင်နေသော်လည်း ဥပဒေ နှင့် ပက်သက်သည့်အရာများအား နားလည်မှု နည်းပါးခြင်းကြောင့် အခက်အခဲများဖြင့် ကြုံတွေ့ရမှုများ ရှိနေ ကြောင်း အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်သူများထံကသိရသည်။

“အိမ်ခြံမြေအကျိုးတော်ဆောင်တွေသာလုပ်နေတာ ဥပဒေနဲ့ပက်သက်တာတွေကို နားမလည်သေးဘူးဖြစ် နေတယ်၊ အိမ်ခြံမြေငွေကြေးနဲ့သက်ဆိုင်တဲ့ သင်တန်းကိုလာရောက်တက်ရောက်ရခြင်းဖြစ်ပါတယ်” ဟုလာရှိုးမြို့ အိမ်ခြံမြေ ကိုယ်စား လှယ်များဖွံ့ဖြိုးတိုးတက်ရေးအသင်းဝင်တစ်ဦးဖြစ်တဲ့ ဒေါ်စုလေးငယ် ကပြော သည်။

ပြည်သူများ ငွေကြေးခဝါချမှု ဥပဒေကိုသိရှိစေရန် မြန်မာနိုင်ငံအိမ်ခြံမြေ လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး အသင်းအနေဖြင့် မည်သူမဆို တက်ရောက်နိုင်သော အခမဲ့သင်တန်းများကို ဖွင့်လှစ်ပေး သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly