အခုနှစ် ရွေးကောက်ပွဲမှာ ရုရှား စွက်ဖက်နေတယ်ဆိုတဲ့ သတိပေးချက်ကို သမ္မတ ထရမ့် ပယ်ချ

အခုနှစ် ရွေးကောက်ပွဲမှာ ရုရှား စွက်ဖက်နေတယ်ဆိုတဲ့ သတိပေးချက်ကို သမ္မတ ထရမ့် ပယ်ချ
Photo  - AFP

ဖေဖော်ဝါရီ ၂၂။              ။ အခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားက ဝင်ရောက်စွက်ဖက်နေတယ်ဆိုတဲ့ သတိပေးချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

သူ့ရဲ့ ဒီမိုကရက်တစ်ပြိုင်ဖက်တွေရဲ့ အဓိပ္ပာယ်မရှိတဲ့ မလိုသူကို ဖယ်ရှားရေး နောက်ထပ်အစီအမံတွေပဲ ဖြစ်တယ်လို့ နီဗားဒါးပြည်နယ်က လူထုစုရုံးပွဲတစ်ရပ်မှာ ထရမ့်က ပြောလိုက်တာ ဖြစ်ပါတယ်။

ဒီမိုကရက်တွေက သမ္မတဟာ ဒီမိုကရေစီကို သစ္စာဖောက်နေတယ်ဆိုပြီး စွပ်စွဲပြောဆိုလျက်ရှိနေပြီး ဒီနှစ် ရွေးကောက်ပွဲမှာ ရုရှားက ဝင်ရောက်စွက်ဖက်နေတယ်လို့ ထောက်လှမ်းရေးသတိပေးချက်တွေကို ထရမ့်ရော၊ ရုရှားကပါ စိတ်ဆိုးမာန်ဆိုးနဲ့ ငြင်းဆန်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်က လျှို့ဝှက်အစည်းအဝေးတစ်ရပ်မှာ ထောက်လှမ်းရေးအကြီးအကဲ ဂျိုးဆက်မက်ဂွဲယားက ရုရှားဟာ ရွေးကောက်ပွဲမှာ ခြေထိုးနေတယ်ဆိုပြီး လွှတ်တော်အမတ်တွေကို သတိပေးခဲ့ကြောင်း သိရပါတယ်။

အမေရိကန်ထောက်လှမ်းရေးအဖွဲ့အစည်းအနေနဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှား ဝင်ရောက်စွက်ဖက်ခဲ့တယ်ဆိုပြီး လူသိရှင်ကြား ကောက်ချက်ချထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် မက်ဂွဲယားက ရုရှားဟာ ထရမ့် ပြန်လည်ရွေးကောက်ခံရဖို့ လိုလားနေပြီး ပြိုင်ဖက်ဒီမိုကရက်ပါတီကို ခြေထိုးမှုတွေ လုပ်နေတယ်လို့ ပြောဆိုလာတာ ဖြစ်ပါတယ်။

ခုလို ထောက်လှမ်းရေးအဖွဲ့ရဲ့ ကောက်ချက်ချပြောဆိုချက်တွေကို ထရမ့်က ငြင်းဆန်ပြီး ပြိုင်ဖက်ပါတီရဲ့ မရိုးသားတဲ့ ခြေလှမ်းတွေပဲ ဖြစ်တယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly