ဘေဘီလေးတွေနဲ့သနပ်ခါး။ ဘယ်လိုကောင်းကျိုးတွေရှိလဲ

ဘေဘီလေးတွေနဲ့သနပ်ခါး။ ဘယ်လိုကောင်းကျိုးတွေရှိလဲ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ကလေးလေးတွေက မိသားစုတွေဆီကိုပျော်ရွှင်ခြင်းတွေယူဆောင်လာပေးတဲ့ အိန်ဂျယ်လ်ပိစိလေးတွေပေါ့။ သူတို့လေးတွေ ကိုယ့်ဘဝထဲရောက်လာတာနဲ့နေ့စဉ် သူတို့လေးတွေ ကျန်းမာဖို့က မိဘြဖစ်တဲ့ကိုယ်တွေအတွက် အရေးကြီးဆုံးအရာပဲနော်။ သူတို့ရဲ့ အစားအသောက် ကစလို့ ခန္ဓါကိုယ်တွင်းကိုယ်ပ ကျန်းမာဖို့ကအဆုံး အရာရာကို မပြတ်ဂရုစိုက်ရပြီလေ။ ဒီလိုဂရုစိုက်တဲ့အခါဘေဘီလေးရဲ့ အသားအရေကိုလည်းမဖြစ်မနေ ထည့်သွင်းရပြီ ပေါ့။
ဘေဘီလေးရဲ့ အသားအရေ

မွေးကင်းစဘေဘီလေးတွေရဲ့ အရေပြားက ထိခိုက်လွယ်ပါတယ်။ဘေဘီလေးတွေရဲ့ ကိုယ်ခံအားစနစ်ကလည်းပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် ကလေးလေးတွေဟာ ဓါတုပစ္စည်းတွေ၊ ရနံ့တွေ၊ အဝတ်အထည် တွေမှာ အသုံးပြုထားတဲ့ ဆိုးဆေးတွေ၊ ဆပ်ပြာမှုန့်တွေ နဲ့ ကလေးတွေအတွက်ထုတ်ထားတဲ့ ပစ္စည်းအချို့မှာပါနေတဲ့ဓါတုပစ္စည်းတွေကြောင့် အရပွေားခွောကျသှေ့တာတွေ၊ ထိခိုက်တာတွေဖြစ်နိုင်ပါတယ်။

ဒါကြောင့် ထိခိုက်လွယ်တဲ့ဘေဘီလေးတွေအသားအရေအတွက် အသင့်တော်ဆုံးက သဘာဝပစ္စည်းစစ်စစ်တွေပါ။ ဒါဆိုဘေဘီလေးတွေအတွက် အသင့်တော်ဆုံးဖြစ်မယ့် အသားအရေထိန်းသိမ်းမှုကို ဘယ်လိုလုပ်ပေးရမလဲတွေးရခက်နေလားမေမေဖေဖေတို့….

မိရိုးဖလာအသုံးပြုခဲ့တဲ့ အသားအရေထိန်းသိမ်းပေးတဲ့အရာတွေဖြစ်တဲ့ သနပ်ခါးတို့ မုန်ညင်းဆီတို့ကိုမေ့နေသလား။ဘေဘီလေးတွေကို ကျန်းမာတဲ့ အသားအရေပိုင်ဆိုင်အောင် ဒီသဘာဝပစ္စည်းလေးတွေအသုံးပြုပြီး လုပ်ပေးလို့ရပါတယ်။
ဘေဘီလေးတို့ အသားအရေအတွက် သနပ်ခါး

သနပ်ခါးက သနပ်ခါးပင်ရဲ့ အခေါက်၊အမြစ်တို့ကနေရရှိတဲ့ အနှစ်တစ်မျိုးပါ။ အဝါရောင် နဲ့ အဖြူရောင်ဆိုပြီး အရောင်တွေကွာခြားနိုင်ပေမယ့် အကျိုးပြုပုံချင်းကတော့ တူတူပါ။မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ လောက်ကတည်းက သနပ်ခါးကို အသားအရေ လှပကျန်းမာစေဖို့ အသုံးပြုခဲ့ကြပါတယ်။ သနပ်ခါးက အသားအရေကိုအေးမြစေပြီးနေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေကိုချောမွေ့စေပြီး အပြစ်အနာ အဆာကင်းစေမှာပါ။ လူကြီးတွေမှာဆိုရင် ဝက်ခြံ သက်သာစေဖို့အတွက် သနပ်ခါးလိမ်းပေးလို့ရပါတယ်။

ဘေဘီလေးတွေကို ရေချိုးပေးပြီး ခါးခါးလေးလူးပေးလိုက်ရင် သနပ်ခါးနံ့မွှေးမွှေးလေးနဲ့ ပိုပြီးချစ်ဖို့ကောင်းတယ်နော်။ဘေဘီလေးပါးပေါ်က သနပ်ခါးမွှေးမွှေးလေးက ကလေးကိုလည်း စိတ်ကြည်လင်စေမှာ အသေအချာပါ။ သနပ်ခါးက သဘာဝပစ္စည်းစစ်စစ်ဖြစ်သလို အရေပြားအမျိုးအစားအားလုံးအတွက် သင့်တော်တာကြောင့်ဘေဘီလေးက ဘယ်လိုအသားအရေအမျိုးအစားဖြစ်ဖြစ် စိတ်ချလက်ချအသုံးပြုပေးလို့ရပါတယ်။

သနပ်ခါးက မှိုပိုးတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိတာကြောင့် ကလေးငယ်တွေအရေပြားကို မှိုပိုးကနေထိထိရောက်ရောက်ကာကွယ်ပေးနိုင်မှာပါ။ ဒါတွေတင်မဟုတ်သေးပါဘူး။ သူ့ရဲ့ အအေးဓါတ်ကြောင့် ကလေးငယ်လေးတွေ အရေပြားမှာဖြစ်တတ်တဲ့ မိတ်၊ အင်ပြင်၊ အဖုအပိမ့်ထွက်တာနဲ့ အခြားသောအရေပြားပြဿနာတွေကို သက်သာစေနိုင်စွမ်းလည်းရှိပါတယ်။

သနပ်ခါးက အရေပြားကိုနေလောင်ဒဏ်ကနေကာကွယ်ပေးနိုင်သလို ပတ်ဝန်းကျင်မှာရှိနေတဲ့ ညဈညမျးတဲ့လထေုကြောင့် အသားအရေထိခိုက်မှု၊free radicalsတွေကြောင့် အသားအရေပျက်စီးတာတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးပြီး အရေပြားကိုလည်း အစိုဓါတ်ထိန်းပေးပါသေးတယ်။ ဘက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်စွမ်းရှိနေသေးတော့ဘေဘီလေးတွအရေပြားအတွက် အကောင်းဆုံးဖြစ်မယ်ဆိုတာ ပြောနေစရာတောင်မလို တော့ပါဘူး။နွေရာသီလိုမျိုး အချိန်မှာ ကလေးရဲ့ အသားအရေကို သနပ်ခါးက ထိထိရောက်ရောက် ကာကွယ်ပေးမှာပါ။

ဆောင်းရာသီလိုမျိုးအချိန်မှာတော့ သနပ်ခါးက သိပ်မသင့်တော်ပါဘူး။ အသားခြောက်နိုင်တာဖြစ်တာကြောင့် ဆောင်းရာသီမှာဆိုရင်တော့ မုန်ညင်းဆီ၊ သံလွင်ဆီ၊ အုန်းဆီလိုမျိုး သဘာဝအဆီတစ်မျိုးမျိုး ဒါမှမဟုတ်ဘေဘီ လေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ Baby Oilလေးတွေကို အသုံးပြုပေးပြီးဘေဘီလေးတွေရဲ့ အသားအရေကို ကျန်းမာနေအောင်လုပ်ဆောင်ပေးလို့ရပါတယ်။

သဘာဝပစ္စည်း စစ်စစ်လေးတွေ သုံးပြီး ချစ်ဖို့ကောင်းတဲ့ ဘေဘီလေးတွေရဲ့ အသားအရေကိုထိန်းသိမ်းပေးလိုက်နော်မေမေဖေဖေတို့……

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly