"လက်လိုချင်တယ်...၁၀ တန်းအောင်ချင်တယ်"

20 February 2020
"လက်လိုချင်တယ်...၁၀ တန်းအောင်ချင်တယ်"

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် မျောက်တောင်ကျေးရွာက ချောင်း ကမ်းဘေး တစ်ခုမှာပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညနေပိုင်းလောက်က လက်နက်ကြီး ကျရောက်ခဲ့ ပါတယ်။အဲ့ဒီ ချောင်းကမ်းဘေးမှာတော့ ဆယ်တန်းတက်နေတဲ့ ကျောင်းသား ၃ ယာက်နဲ့ ၈ နှစ်အရွယ်ကလေး တစ်ယောက်ဟာ ဘောလုံး ကစားနေကြတာပါ။အဲဒီလို သူတို့တွေ ဘောလုံး ကစားနေတဲ့ အချိန်မှာပဲ ဘယ်သူ ဘယ်ဝါက ပစ်လိုက်မှန်းမသိတဲ့လက်နက်ကြီး ကျလာခဲ့ပါတယ်။ အဲဒီ လက်နက်ကြီး ကျည်ထိမှန်ခဲ့လို့ အသက် ၁၇ နှစ်အရွယ်ဆယ် တန်းကျောင်းသား တစ်ဦး ဖြစ်တဲ့ မောင်ကိုကိုဟိန်းရဲ့ ဘယ်ဘက်လက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရပါတယ်။

ရိုက်ကူး/တည်းဖြတ်  -   လာဘ်ရတနာဗိုလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly