တယောထိုးရင်း ဦးနှောက် ခွဲစိတ်မှု ခံယူတဲ့ အမျိုးသမီး

တယောထိုးရင်း ဦးနှောက် ခွဲစိတ်မှု ခံယူတဲ့ အမျိုးသမီး

ဖေဖော်ဝါရီ ၂၀။            ။ လန်ဒန်က ကင်းကောလိပ်ဆေးရုံမှာ လူနာအမျိုးသမီးတစ်ဦးဟာ တယောထိုးနေရင်း ဦးနှောက်အကျိတ်ကို ဆရာဝန်တွေက ခွဲစိတ်ဖယ်ရှားတာကို ခံယူခဲ့ပါတယ်။

အသက် ၅၃ နှစ်အရွယ်ရှိ တယောပညာရှင် ဒက်မားတန်နာကို ဆရာဝန်တွေက ခွဲစိတ်ရာမှာ တယောထိုးထားစေပြီး ဦးနှောက်ဧရိယာက လှုပ်ရှားမှုတွေကို မှတ်သားတာဖြစ်ပါတယ်။

ဒီနောက်မှာ ကျန်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေ ထိခိုက်မှု မဖြစ်စေဘဲ ဦးနှောက်အကျိတ်ကို ခွဲထုတ်ခဲ့တာပါ။

“သူ့ကို တယောထိုးထားစေတာကြောင့် လက်လှုပ်ရှားမှုကို ထိန်းချုပ်တဲ့ အရေးပါတဲ့ ဦးနှောက်အစိတ်အပိုင်းတွေကို မှတ်သားပြီး ထိခိုက်မှုမရှိအောင် ခွဲစိတ်ခဲ့တာပါ။”လို့ ဆေးရုံရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“ဒက်မားအတွက် တယောဟာ ဘယ်လောက် အရေးပါသလဲဆိုတာ သိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒါကြောင့်ပဲ သူ့ကို တယောထိုးခိုင်းပြီး ဦးနှောက်ရဲ့ လှုပ်ရှားမှု အစိတ်အပိုင်းတွေကို မှတ်သားပြီး ထိခိုက်မှု မရှိအောင် အကျိတ်ကို ၉၀ ရာခိုင်နှုန်း ဖယ်ရှားပေးနိုင်ခဲ့တာပါ။”ဆိုပြီး ပါမောက္ခ ကေးယူမာအက်ရှ်ကန်းက ပြောပါတယ်။

ဒက်မားဟာ ဝှိုက်ဆိုတဲ့ ဆင်ဖိုနီဩဂတ်စထရာတီးဝိုင်းကြီးမှာ တယောထိုးနေတဲ့ ပညာရှင်တစ်ဦးဖြစ်ပြီး အကျိတ်ကို ခွဲထုတ်ဖယ်ရှားပြီး ဆေးရုံမှာ သုံးရက်နေကာ ပြန်ဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

သူ့ရဲ့ တီးဝိုင်းမှာ မကြာခင်မှာပဲ တယောထိုးဖြစ်ဖို့တော့မှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly