တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ဥပဒေကြမ်း အတည်ပြုရေး အာဂျင်တီးနား၌ စုဝေးဆန္ဒဖော်ထုတ်

တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ဥပဒေကြမ်း အတည်ပြုရေး အာဂျင်တီးနား၌ စုဝေးဆန္ဒဖော်ထုတ်

ဗျူနိုအေးရိစ်၊ ဖေဖော်ဝါရီ ၂၀။            ။ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မှာ တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ဥပဒေကြမ်းအတွက် လှုပ်ရှားမှုတစ်ခုအဖြစ် ဖေဖော်ဝါရီ ၁၉ ရက်က အမျိုးသမီးများထောင်နဲ့ချီပြီးတော့ စုဝေးခဲ့ ကြပါ တယ်။

အမျိုးသမီးတွေဟာ အစိမ်းရောင်လည်စည်းပဝါတွေကို လှုပ်ရှားမှုသင်္ကေတအဖြစ်နဲ့သုံးပြီး လေထဲမှာ ဝှေ့ယမ်းမြှောက်ကိုင်ထားကြကာ ကွန်ဂရက်လွှတ်တော်ရဲ့ရှေ့မှာ စုဝေးခဲ့ကြတာဖြစ်ပါတယ်။

၂၀၁၈ က အဆိုပါ တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုခဲ့ပေမယ့် ရိုမန်ကက်သလစ်တွေရဲ့ဖိအားပေးမှုကြောင့် အထက်လွှတ်တော်က ကွန်ဆာဗေးတစ်တွေရဲ့ ပယ်ချမှုကို ခံခဲ့ရပါတယ်။

စုဝေးပွဲမှာပါဝင်ခဲ့တဲ့ သူနာပြုတစ်ဦးကလည်း “တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ရဖို့က အရေးကြီးပါတယ်၊ အဲဒါမှ ဆေးရုံမှာ ပစ္စည်းကိရိယာစုံစုံလင်လင်နဲ့ ဖျက်ချနိုင်မှာလေ၊ လူမသိအောင်ဖျက်ချပြီး သေဆုံးမှုတွေ မဖြစ်တော့ဘူး ပေါ့” လို့ ဆိုပါတယ်။

အာဂျင်တီးနားသမ္မတ အယ်ဘာတိုဖာနန်ဒက်ဇ် ကလည်း  သူ့ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်တစ်ခုဖြစ်တဲ့ ကိုယ်ဝန်ဖျက်ချမှုကို အပြစ်ပေးတဲ့စနစ်ကိုအဆုံးသတ်စေပြီး ကျန်းမာရေးစင်တာတွေမှာ တရားဝင်ဖျက်ချနိုင်စေမယ့် ဥပဒေတစ်ခုကို အဆိုပြုသွားမယ်လို့ ဒီလအစောပိုင်းမှာ ပြောခဲ့ပါသေးတယ်။

အာဂျင်တီးနားက ရိုမန်ကက်သလစ်ဘာသာဝင်တွေဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ မတ်လ ၈ ရက်နေ့ကလည်း ကိုယ်ဝန်ဖျက်ချခွင့်တားမြစ်တဲ့ အနေနဲ့ စုဝေးပွဲလုပ်ခဲ့ကြပါသေးတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့နိုင်ငံတော်ဖြစ်တဲ့ ဗာတီကန်စီးတီးမှာတော့ ကိုယ်ဝန်ဖျက်ချသူကို ထောင်ဒဏ် လေးနှစ်အထိ ပြစ်ဒဏ်သတ်မှတ်ထားပြီး အဓမ္မအကျင့်ခံရခြင်းနဲ့ မိခင်လောင်းရဲ့ဘဝအတွက် မဖြစ်မနေဖျက်ချရမယ့် အခြေအနေဖြစ်မှသာ ခွင့်ပြုထားတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly