ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ဘုရားစေတီများအား အိန္ဒိယနိုင်ငံက ကျွမ်းကျင်ပညာရှင်များပြုပြင်နေခြင်းကြောင့် စိုးရိမ်စရာမရှိဟု အိန္ဒိယကောင်စစ်ဝန်ချုပ်ပြော

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ဘုရားစေတီများအား အိန္ဒိယနိုင်ငံက ကျွမ်းကျင်ပညာရှင်များပြုပြင်နေခြင်းကြောင့် စိုးရိမ်စရာမရှိဟု အိန္ဒိယကောင်စစ်ဝန်ချုပ်ပြော
ဓာတ်ပုံ- ထက်မြတ် / မဇ္ဈိမ

ဖေဖော်ဝါရီ ၁၉။          ။ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ဘုရားစေတီများအား အိန္ဒိယနိုင်ငံက ဒေါ်လာ ၇သန်းကုန်ကျခံကာပြုပြင်ပေးမည်ဖြစ်ပြီး ပြုပြင်ရာတွင် ကျွမ်းကျင်ပညာရှင်များက ပြုပြင်ပေးမည်ဖြစ်ခြင်းကြောင့် စိုးရိမ်စရာမရှိဟု အိန္ဒိယ ကောင်စစ်ဝန်ချုပ် Mr.NandanSingh Bhaisora ထံမှသိရသည်။

'' ပုဂံမှာရှိတဲ့ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့တဲ့ ၉၂ဆူသောဘုရားတွေကို ပြုပြင်တဲ့သူတွေက တကယ်ကို ကျွမ်းကျင်တဲ့အဖွဲ့ဖြစ်ပါတယ်၊ မြန်မာနိုင်ငံတင် မဟုတ်ဘဲ လာအို၊ ဗီယက်နမ်၊ ကမ္ဘာဒီယားတို့မှာ ဘုရား အဆောက်အအုံ တွေ ကို ပြုပြင်တဲ့အဖွဲ့တွေဖြစ်ပါတယ်၊ အာနန္ဒာဘုရားဆိုရင်လည်း သပ်သပ်ရပ်ရပ်နဲ့ ပြုပြင်သွားတာ တွေ့ရပါတယ်၊ နောက်ထပ် ဘုရား၉၂ဆူကိုပြင်မှာလည်း တူညီတဲ့ method ကိုလည်း သုံးမယ်၊ ဒီနည်းစနစ် အတိုင်းပြုပြင် မှာဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိပါဘူး၊ အကောင်းဆုံးလည်း လုပ်ဆောင်နိုင်မယ်လို့ သူတို့မျှော်လင့်ပါတယ်၊ '' ဟု ၎င်းကပြောသည်။

ပုဂံဒေသရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ရှေးဟောင်းဘုရား ၉၂ဆူအား ဆယ်နှစ်စီမံကိန်းဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး အဆောက်အအုံပိုင်းဆိုင်ရာပြုပြင်မှု၊ နံရံဆေးရေးပန်းချီများပြုပြင်မှုကို ရှေးဟောင်းသုတေသ နနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့ ပူးပေါင်းကာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ထက်မြတ် / မဇ္ဈိမ

ဘုရား ၉၂ဆူပြုပြင်ဖို့အတွက် နားလည်းမှုစာချွန်လွှာလည်းရေးထိုးထားတာလည်းတွေ့ရပါတယ်၊ ငလျင်ကြောင့် ဖြစ်သွားတဲ့ဘုရားတွေကို ပြင်ဆင်တာဖြစ်ပါတယ်၊ ပြင်ဆင်မယ့်အဖွဲ့တွေလည်းရောက်ရှိနေပါပြီ၊ ဒါတွေ ကိုလုပ် ခြင်းအားဖြင့် နှစ်နိုင်ငံယဉ်ကျေးမှုအပြန်အလှန်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ ဘုရား တွေကိုပြုပြင်တဲ့သူတွေက တကယ်ကျွမ်းကျင်တဲ့အဖွဲ့ဖြစ်ပါတယ်၊``ဟု ၎င်းကဆက်ပြောသည်။

ယခုပြုပြင်မည့် ဘုရား ၉၂ဆူအနက် အဆောက်အအုံပိုင်းဆိုင်ရာပြုပြင်မှုအတွက် ဘုရား ၃၆ဆူနှင့် နံရံဆေးရေးပန်းချီပြုပြင်မွမ်းမံမှုများအတွက် ဘုရား ၅၆ဆူအား ပြုပြင်မွမ်းမံမှုများလုပ်ဆောင်သွားမည်ဖြစ်ရာ ပထမပိုင်း အနေဖြင့် အဆောက်အအုံပိုင်းဆိုင်ရာပြုပြင်မှုများအတွက် ၁၂ဆူအား ရွေးချယ်ထားပြီး ယခုနှစ်အတွင်း ဘုရားသုံးဆူကို ပြုပြင်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာ နခွဲ)ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းကပြောသည်။

 ဘုရားတွေပြုပြင်မယ့် အိန္ဒိယအဖွဲ့ရောက်လာပါပြီ၊ ပထမဆုံးအနေနဲ့ စစ်တမ်းကောက်ယူမှုတွေလုပ်ဆောင်ပြီး ယခုဖေဖော်ဝါရီလအတွင်းမှာ တန်ဇောင်းဘုရား၊ ဘုရားအမှတ် ၁၄၀၁၊ မွန်ဂို ဘုရား စတဲ့ဘုရားသုံးဆူကို အ ဆောက်အအုံပိုင်းပြုပြင်မှုတွေ စတင်လုပ်ဆောင်နေပါပြီ၊ ကျွန်တော်ဌာနဝန်ထမ်းတွေက သူတို့ပူပေါင်းလုပ် ဆောင်ဖို့ ဌာနက အင်ဂျင်နီယာတွေကို အဖွဲ့ဖွဲ့ပြီး သူတို့နဲ့ပူးပေါင်းလုပ်ဆောင်နေပါတယ်၊ ပြုပြင်ဖို့အတွက် အရင်ဆုံး ကျွန်တော်တို့တင်ပြရတယ်၊ ကျွန်တော်တို့ဌာနကလည်း လိုအပ်တဲ့အကြံဉာဏ်တွေပေးတယ်၊ လုပ်ဆောင် တော့မယ်ဆိုရင် အထက်ကိုတင်ပြပြီး ခွင့်ပြုချက်ရမှ ပြုပြင်မှုလုပ်ငန်းတွေလုပ်ဆောင်တာပါ၊ ရှေးဟောင်းဘုရား တွေဖြစ်တဲ့အတွက် ပြုပြင်မှုတွေကို အလောတကြီးမလုပ်ခြင်တဲ့အတွက် ဒီနှစ်မှာ ဘုရားသုံးဆူကိုပဲပြုပြင်တာဖြစ် ပါတယ်`` ဟု ၎င်းကပြောသည်။

၂၀၁၆ခုနှစ်က အင်အား ရစ်ချက်စတာစကေး ၆ ဒဿမ ၈ လှုပ်ခတ်ခဲ့ခြင်းကြောင့် ပုဂံရှိ ရှေးဟောင်းဘုရားစေတီ များ ပျက်စီးခဲ့ခြင်းကြောင့် ယခုကဲ့သို့ပြုပြင်မှုများကိုလုပ်ဆောင်ရခြင်းဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly