‘ကလေးဘဝ အိပ်မက်တစ်ခု’ လက်တွေ့ဖြစ်လာခဲ့တယ်လို့ မိတ်ဆက်ပွဲမှာ ငိုကြွေးရင်း ပြောဆိုသွားတဲ့ ရီနေယာ ဂျီးဆပ်

‘ကလေးဘဝ အိပ်မက်တစ်ခု’ လက်တွေ့ဖြစ်လာခဲ့တယ်လို့ မိတ်ဆက်ပွဲမှာ ငိုကြွေးရင်း ပြောဆိုသွားတဲ့ ရီနေယာ ဂျီးဆပ်
Photos: EPA

ဆယ်ကျော်သက်ကစားသမား ရီနေယာ ဂျီးဆပ်က "ကလေးဘဝ အိပ်မက်တစ်ခု" လက်တွေ့ဖြစ်လာခဲ့တယ်လို့ ရီးယဲလ်မက်ဒရစ် ကစားသမားတစ်ယောက်အဖြစ် တရားဝင်မိတ်ဆက်ပွဲမှာ သူဟာ ငိုကြွေးရင်း ပြောဆိုသွားပါတယ်။

အသက် (၁၈)နှစ်သာရှိသေးတဲ့ ဘရာဇီးလ် ကွင်းလယ်တိုက်စစ်ကစားသမားဟာ ဇန်နဝါရီလက ပေါင် (၂၆)သန်းနဲ့ ဖလာမင်ဂိုအသင်းကနေ လာလီဂါကလပ်အသင်းကို ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်ဥက္ကဋ္ဌ ဖလော်ရင်တီနို ပီရက်ဇ်က ရီနေယာကို ဘာနေဗျူးမှာ အင်္ဂါနေ့က မိတ်ဆက်ခဲ့ပါတယ်။

"'ဒီလိုကြီးကျယ်ခမ်းနားတဲ့ ကလပ်အသင်းရဲ့ သမိုင်းမှာ အစိတ်အပိုင်းတစ်ခုဖြစ်လိုပါတယ်။"လို့ ရီနေယာက ပြောပါတယ်။

"ငယ်ဘဝအိပ်မက်တစ်ခု လက်တွေ့ဖြစ်လာခဲ့လို့ ဒီနေ့ဟာ ကျနော့်အတွက် အရမ်းပျော်စရာကောင်းတဲ့ နေ့တစ်နေ့ပါ။ ကျနော် အကောင်းဆုံးကြိုးစားသွားမှာပါ။ ရီးယဲလ်မက်ဒရစ်အတွက် ကစားပေးဖို့ဆိုတာ ကျနော် အဖေ၊ အစ်မနဲ့ မေ၊ မိသားစုတစ်ခုလုံးရဲ့ အိပ်မက်ဖြစ်ပါတယ်။ ဒီလိုအခွင့်အရေးရလို့ ကျနော် အရမ်း ဝမ်းသာမိပါတယ်။" 

ရီနေယာဟာ ပြီးခဲ့တဲ့ရာသီက ဖလာမင်ဂိုအသင်း ဘရာဇီးလ်လိဂ်ဖလားနဲ့ တောင်အမေရိကချန်ပီယံလိဂ်ဖလား (Copa Libertadores)ဆု ဆွတ်ခူးခဲ့ရာမှာ အသင်းရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ခဲ့ပြီး ဒီဇင်ဘာလက လီဗာပူးလ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ လူစားထိုးဝင်ရောက်ကစားခဲ့ပါတယ်။

သူဟာ ဗီနီစီးယပ်စ်နဲ့ ရိုဒရီဂိုပြီးနောက် ရီးယဲလ်အသင်းဆီ ပြောင်ရွှေ့လာတဲ့ တတိယမြောက် ဘရားဇီးလ်ဆယ်ကျော်သက်ကစားသမားဖြစ်ပါတယ်။

"မနက်ဖြန်ရဲ့ ကြယ်ပွင့်ကြီးတွေဖြစ်နိုင်တဲ့ ကစားသမားတွေကို ရှာဖွေတာဟာ ကျနော်တို့ရဲ့ စွဲလမ်းမှုပဲ။"လို့ ပီရက်ဇ်က ပြောပါတယ်။

"ဒီနေ့မှာ အသက် ၁၈ နှစ်သာရှိနေးတဲ့ ကစားသမားလေးကို ကျနော်တို့ ကြိုဆိုတယ်ဆိုပေမယ့် သူက ကမ္ဘာ့အကြီးဆုံးကလပ်အသင်းတွေထဲက အသင်းတစ်သင်းဖြစ်တဲ့ ဖလာမင်ဂိုနဲ့အတူ တောင်အမေရိကချန်ပီယံလိဂ်ဖလားကို ကိုင်မြောက်နိုင်ခဲ့ပြီးပါပြီ။"

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly