တရုတ်နိုင်ငံတွင် ဖမ်းဆီးခံထားရသည့် မြန်မာသင်္ဘောသားအဖွဲ့ (၁၆) ဖွဲ့အားသံရုံးတာဝန်ရှိသူများ သွားရောက်တွေ့ဆုံမည်

တရုတ်နိုင်ငံတွင် ဖမ်းဆီးခံထားရသည့် မြန်မာသင်္ဘောသားအဖွဲ့ (၁၆) ဖွဲ့အားသံရုံးတာဝန်ရှိသူများ သွားရောက်တွေ့ဆုံမည်

ဖေဖော်ဝါရီ ၁၈။         ။ မြန်မာသံရုံးအနေဖြင့် တရုတ်နိုင်ငံတွင် တရားမဝင်ကုန်ပစ္စည်းများတင်ဆောင်မှုအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာသင်္ဘောသားများရင်ဆိုင်နေရသည့် အမှုကိစ္စအား ညှိုနှိုင်းဖြေရှင်းပေးရန် တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံ တင်ပြထားကြောင်း တရုတ်နိုင်ငံဘေကျင်းမြို့ရှိမြန်မာသံရုံးမှသိရသည်။

ဘေကျင်းမြို့ မြန်မာသံရုံးမှတာဝန်ရှိသူတစ်ဦးက ‘’ တစ်ယောက်ချင်းစီတိုင်းကိုတွေ့ခွင့်ရဖို့ အခုကြိုးစားနေပါတယ်၊ ရဲတပ်ဖွဲ့ကလည်းပုတ်ပုတ်ချနေတာတွေရှိတဲ့အတွက် ကျွန်မတို့အနေနဲ့ တွေ့ဖို့ကိုအခက်အခဲတော့ ဖြစ်နေ တယ်၊ ဒါပေမယ့် အခုတွေ့ဖို့ရဖို့ တရုတ်အာဏာပိုင်တွေကနေတစ်ဆင့် ကြိုးစားနေပါတယ်’’ဟုဆိုသည်။

ထို့အပြင် ပေကျင်းမြို့ရှိ မြန်မာသံရုံးအနေဖြင့် ဖမ်ဆီးထိန်းသိမ်းခြင်းခံထားရသည့် မြန်မာသင်္ဘောသားများ၏ ကျန်းမာရေးအခြေအနေကို မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသဖြင့် ၎င်းတို့ ရင်ဆိုင်နေရသည့် အမှုကိစ္စရပ် များအားအမြန်ဆုံးပြီးပြတ်အောင်နှင့် အမှုများအပေါ်တွင်လည်းသက် သာစွာစဉ်းစားပေးလိုပါကြောင်းမေတ္တာရပ်ခံစာတစ်စောင်ကိုလည်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနထံသို့ ပေးပို့ထားကြောင်းသိရသည်။

 ‘’မိသားစုနဲ့တွေ့ဖို့ကတော့ မဖြစ်နိုင်သေးဘူး၊ ဒီမှာကလည်းရောဂါကဖြစ်နေတာဆိုတော့ လမ်းတွေကလည်းအကုန်ပိတ်နေတာ ကျွန်မတို့ သံရုံးကတာဝန်ရှိတဲ့သူမပါပဲ သွားလာလို့ကလည်းအဆင်မပြေဘူး၊ အဲဒါကြောင့် အခု လောလောဆယ်မှာသံရုံးက တာဝန်ရှိ တဲ့သူတစ်ယောက်ကပဲ မြန်မာသင်္ဘောသားအယောက်ချင်းစီတိုင်းကိုအရင် တွေ့ဆုံသွားမယ် ‘’ ဟုယင်းတာဝန်ရှိသူကပြောဆိုသည်။

ထိုသင်္ဘောသားများမှာဇန်နဝါရီလကတည်းကစတင်ဖမ်းခံကြသူတွေဖြစ်ပြီးလူဦးရေအတိအကျကတော့ ထောင်အပြောင်းအရွှေ့ကြောင့် စာရင်းအတိအကျမသိရသေးဘဲ ရဲတပ်ဖွဲ့နှင့်သွားရောက်တွေ့ဆုံပြီးမှသာ သိရှိနိုင်မည် ဖြစ်ကြောင်းသံရုံးမှပြောသည်

 ‘’ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ထောင်တွေကိုရွေ့ပြစ်တာတွေ ရှိတယ်၊ အဲဒါကြောင့်အခုတော့ အမြန်ဆုံး မြန် မာသင်္ဘောသားတွေနဲ့ တွေ့ဆုံခွင့်ရဖို့ ရဲတွေကိုပြောနေပါတယ်၊ ‘’ ဟုလည်း၎င်းကဆိုသည်။

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် မြန်မာသင်္ဘောသားများအဖွဲ့သည် မူလတွင် ၁၈ ဖွဲ့ရှိခဲ့ပြီး ၂ ဖွဲ့သည် ဥပဒေကြောင်းအရစီရင်ချက်ချမှတ်ပြီးဖြစ်ရာကျန် အမှုရင်ဆိုင်နေရဆဲဖြစ်သည့် မြန်မာသင်္ဘောသားများအဖွဲ့ (၁၆) ဖွဲ့မှ ဖမ်းဆီး ခံထားရသူများနှင့် တွေ့ဆုံခွင့် ရရှိရေးကြိုးစားသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးထံကသိရသည်။

ထို့အပြင် ပေကျင်းမြို့ မြန်မာသံရုံးအနေဖြင့်ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာသင်္ဘောသားများ၏ မိသားစုဝင်များအနေဖြင့်လည်း မြန်မာသံရုံးမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်စေလိုသည့် ကိစ္စရပ်များရှိပါကပေကျင်း မြို့ မြန်မာသံရုံးထံသို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါကြောင်းအသိပေးကြေညာချက်တစ်စောင်ကို ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly