ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၀၀ အထိ ရောက်ရှိ၊ စိတ်အေးအေး ထားကြရန် WHO တိုက်တွန်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၀၀ အထိ ရောက်ရှိ၊ စိတ်အေးအေး ထားကြရန် WHO တိုက်တွန်း

ဖေဖော်ဝါရီ ၁၉ ။               ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာ ဖေဖော်ဝါရီ ၁၉ ရက်မှာ ၂၀၀၀ အထိ ရောက်ရှိခဲ့ပါတယ်။ ဒီ ဗိုင်းရပ်စ် ပျံ့နှံ့ဖြစ်ပွားမှုအပေါ် ထိန်းချုပ်နိုင်ရေး လွန်ကဲတဲ့ လုပ် ဆောင်ချက်တွေ မဆောင်ရွက်ဖို့ တရုတ်နဲ့ နိုင်ငံတကာ ကျန်းမာရေးတာဝန်ရှိသူတွေကို သတိပေးလျက် ရှိနေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူနှုန်းထားဟာ လျော့နည်းကျဆင်းလာခဲ့ပြီလို့ ဆိုရင်း အစိုးရိမ်မပိုဘဲ စိတ်အေးအေးထားဖို့ တိုက်တွန်းပြောဆိုထားပါတယ်။

တရုတ်နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်း ၇၄၀၀၀ ကျော်ထက်မနည်းရှိနေပြီး အခြားနိုင်ငံပေါင်း ၂၅ နိုင်ငံခန့်မှာ ကူးစက်ဖြစ်ပွားသူ ရာပေါင်းများစွာ ရှိနေပါတယ်။

ရောဂါပျံ့နှံ့ဖြစ်ပွားရာ အဓိကဗဟိုချက်ဖြစ်တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာတော့ အခြေအနေက စိုးရိမ်ဖွယ် ရှိနေသေးဆဲဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့ ခုနစ်ဦးမြောက် ဆေးဖက်ဆိုင်ရာတာဝန်ရှိသူအဖြစ် ဆေးရုံညွှန်ကြားရေးမှူးတစ်ဦး ပြီးခဲ့တဲ့ရက်ပိုင်းမှာ သေဆုံးခဲ့ပါတယ်။

ဒီ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားပျံ့နှံ့မှုကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် ခြိမ်းခြောက်မှုတွေလည်း ဖြစ်နေပြီး တရုတ်နိုင်ငံအတွက်က တစ်ချို့နိုင်ငံတွေက ခရီးသွားလာရောက်မှုတွေကို တားမြစ်ထားတာကြောင့် လေကြောင်းခရီးစဉ်တွေ ရပ်ဆိုင်းထားရတာတွေ ရှိနေပါတယ်။

WHO တာဝန်ရှိသူတွေကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ၎င်းရဲ့ မျိုးဗီဇတူ SARS ရောဂါထက်တော့ သေဆုံးနှုန်း နည်းပါးတယ်လို့ ပြောဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly