ကော့သောင်းခရိုင်ရုံးဝင်း အတွင်း ဒုရဲမှူး တစ်ဦး ကြိုးဆွဲချသေဆုံး

ကော့သောင်းခရိုင်ရုံးဝင်း အတွင်း ဒုရဲမှူး တစ်ဦး ကြိုးဆွဲချသေဆုံး

ကော့သောင်း၊ ဖေဖော်ဝါရီ ၁၈။                ။ ကော့သောင်းမြို့နယ် ကော့သောင်း ခရိုင်ရုံးဝင်း လူပျိုဆောင် (စားရိပ်သာ) အတွင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်းက ဒုရဲမှူး တစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ် ရဲစခန်းရုံးမှ သိရ သည်။

ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက“အခု ဖြစ်စဉ်က မှန်ပါတယ်၊ ဒုရဲမှူး စိုးမြင့်ဦးက ကျန်းမာရေး မကောင်းဘူး ဆေးကုသ ထားရတဲ့ သူပါ ခရီးက ပြန်ရောက်လာတာ မကြာသေးဘူး၊ စိတ်ပင်ပန်းလို့ သေကြောင်း ကြံစည်တာ ဖြစ်မယ်”ဟု ပြော သည်။

ကြိုးဆွဲချ သေဆုံးသည့် ဒုရဲမှူး စိုးမြင့်ဦး အသက် (၄၆) နှစ် သည်၊ လည်ပင်းကြိုးဒဏ်ရာဖြင့် လူပျိုဆောင် (စားရိပ်သာ) အတွင်းရှိ အမြင့် (၈) ပေ၊ ၅ လက်မ၊ သစ်သား/ ၂ လက်မ သစ်သား ထုတ်တန်း၌ အရှည် (၁၀) ပေ၊ လုံးပတ် ၁ မတ်လုံး အဖြူရောင် နိုင်လွန်ကြိုးဖြင့် လည်ပင်တွင် ကြိုးကွင်းစွပ်လျက် သေဆုံးနေကြောင်း အထက်ပါ ရဲတပ်ဖွဲ့မှူးရုံး၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ဒုရဲမှူး စိုးမြင့်ဦး သေဆုံးမှုနှင့် ပတ်သက်၍ ကော့သောင်းမြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၁၀/၂၀၂၀) ဖြင့် အမှုဖွင့်ထား ကြောင်း သိရ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly