တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ f(X) ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပမည်

တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ f(X) ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပမည်

တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ f(x) အဖွဲ့သည်  ဇန်နဝါရီလတွင် ပထမဆုံးအကြိမ် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်း၏အေဂျင်စီက အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားသည်။

f(x) အဖွဲ့သည်   ဆိုးလ်မြို့တောင်ပိုင်း အိုလံပစ် ပန်းခြံတွင်  ဇန်နဝါရီ ၃၀ရက်မှ ၃၁ ရက်အထိ  ဖျော်ဖြေပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း S.M  Entertainment က ပြောကြားသည်။

မကြာသေးမီက ထွက်ရှိခဲ့သော f(x) အဖွဲ့၏ 4 Walls တေးသီချင်းအယ်လ်ဘမ်သည် တရုတ်နိုင်ငံ၏ Baidu  တေးဂီတ ဇယားအပြင် တောင်ကိုရီးယား နိုင်ငံ၏ တေးဂီတဇယား ခုနှစ်ခုတွင် လူကြိုက်များသည့် တေးသီချင်းအဖြစ် ရပ်တည်လျက်ရှိသည်။

အဖွဲ့ဝင် ဆူလီသည် ဟစ်ဟော့ နှစ်ယောက်တွဲ အဆိုတော်အဖွဲ့ Dynamic အဖွဲ့ဝင်  Choiza နှင့် တွဲနေကြောင်း ကောလဟာလ သတင်းများ ထွက်ရှိခဲ့ပြီးနောက် တစ်နှစ်ခန့်အကြာ သြဂုတ်လတွင် အဖွဲ့အတွင်းမှ နှုတ်ထွက်ခဲ့သည်။ ယခုအခါ  f(x) အဖွဲ့ကို ဗစ်တိုရီးယား၊ လုနာ၊အမ်ဘာနှင့် ကာစတယ်လ် အဖွဲ့ဝင် လေးယောက်ဖြင့် ဖွဲ့စည်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly