လိင်တူချစ်သူတွေကို ခွဲခြားဆက်ဆံခြင်းများအတွက် ပီရူးမှာ အနမ်းနဲ့ ဆန္ဒပြ

လိင်တူချစ်သူတွေကို ခွဲခြားဆက်ဆံခြင်းများအတွက် ပီရူးမှာ အနမ်းနဲ့ ဆန္ဒပြ

ဖေဖော်ဝါရီ ၁၇  ။                    ။ ပီရူးနိုင်ငံ မြို့တော်လီမာက မြို့ရင်ပြင်နှစ်ခုမှာ လိင်တူလိင်ကွဲချစ်သူ LGBTI အရေး တက်ကြွလှုပ်ရှားသူတွေဟာ လိင်တူချစ်သူတွေကို ခွဲခြားဆက်ဆံတာကို ဆန့်ကျင် ဆန္ဒပြ တဲ့အနေနဲ့ ‘မတူကွဲပြားမှုများအတွက် အနမ်း’ ဆိုတဲ့ လှုပ်ရှားမှုတစ်ရပ်ကို လုပ်ဆောင်ကြပြီး အနမ်းနဲ့ ဆန္ဒပြသမှုတစ်ရပ်ကို လုပ်ဆောင်ခဲ့ကြပါတယ်။

လီမာမြို့တော် မီရာဖလော်ရင်ပြင်က ချစ်မေတ္တာပန်းခြံမှာ LGBT အရေး တက်ကြွလှုပ်ရှားသူအုပ်စုတစ်စုက လက်ထပ်မင်္ဂလာပွဲ ကျင်းပတဲ့ ပုံစံမျိုးနဲ့ ဆန္ဒပြကြသလို ဆန်မာတင်ရင်ပြင်မှာ လိင်တူချစ် သူ တွေက တစ်ဦးနဲ့တစ်ဦး နမ်းကြရင်း ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ကူးကာ ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ခုလို အနမ်းနဲ့ ဆန္ဒပြကြရာမှာ LGBT အလံဖြစ်တဲ့ သက်တံရောင်အလံကိုလည်း ကိုင်စွဲရင်း ဆန္ဒပြရင်း လူမှုမီဒီယာပေါ်လည်း ပို့စ်တွေ တင်ခဲ့ကြပါတယ်။

LGBT တက်ကြွလှုပ်ရှားသူတွေကို ရဲတွေက တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားပြီးနောက်မှာ ၂၀၁၁ ခုနှစ်က ခုလိုပဲ စုရုံးဆန္ဒပြမှုကို ပထမဆုံး စတင်ခဲ့ကြတာ ဖြစ်ပါတယ်။

အခု ဆန္ဒပြမှုမှာ တက်ကြွလှုပ်ရှားသူတွေက LGBT တွေအပေါ် အာဏာပိုင်တွေရဲ့ နိုင်ထက်စီးနင်းပြုမှုခြင်းနဲ့ ခွဲခြားဆက်ဆံခြင်းတွေကို ပီရူးနိုင်ငံနဲ့ ကမ္ဘာကို သတင်းစကားပါးလိုတာကြောင့်ဖြစ်တယ်လို ဆိုပါတယ်။

‘ကျွန်တော်၊ ကျွန်မတို့ရဲ့ နေထိုင်မှုဘဝအပေါ် အကြမ်းဖက်တာ၊ မမျှမတ ပြုမှုတာတွေကို ဆန့်ကျင့်တိုက်ပွဲဝင်သွားဖို့ လိုအပ်တယ်။’လို့ ဆန္ဒပြသူတွေက ထုတ်ပြန်ခဲ့ကြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly