အမေရိကန် ဘေလ်ဘုတ်တွင် သမိုင်းမှတ်တိုင်တင်ခဲ့တဲ့ တေလာဆွဇ်၏ 1989 တေးသီချင်း အယ်လ်ဘမ်

အမေရိကန် ဘေလ်ဘုတ်တွင် သမိုင်းမှတ်တိုင်တင်ခဲ့တဲ့ တေလာဆွဇ်၏ 1989 တေးသီချင်း အယ်လ်ဘမ်

ကန်ထရီးအဆိုတော် တေလာဆွဇ်၏ 1989 တေးသီချင်း အယ်လ်ဘမ်သည် အမေရိကန် ဘေလ်ဘုတ် ထိပ်တန်းစာရင်းတွင်  တစ်နှစ်ပတ်လုံး ရပ်တည်နိုင်သည့်  ပဉ္စမမြောက် တေးသီချင်း အယ်လ်ဘမ် ဖြစ်လာသည်။

တေလာ၏ ပဉ္စမမြောက် တေးသီချင်းအယ်လ်ဘမ်ဖြစ်သော အဆိုပါ တေးသီချင်း အယ်လ်ဘမ်ကို  ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၄ ရက်က ထွက်ရှိခဲ့ကြောင်းနှင့် ထွက်ရှိပြီး ပထမသီတင်းပတ်အတွင်း နံပါတ်တစ်နေရာတွင် ရပ်တည်လျက်ရှိပြီး  အချပ်ရေ ၁ ဒသမ ၂၉ သန်း ရောင်းချနိုင်ခဲ့သည်။ ယင်းနောက်ပိုင်း လူကြိုက်များမှုများ ရရှိခဲ့ပြီး ဘေလ်ဘုတ် ၂၀၀ စာရင်းတွင် သီတင်းပတ် ၂၅ ပတ် ဆက်တိုက် ပါဝင်ခဲ့သည်။

1988  တေးသီချင်း အယ်လ်ဘမ်သည် ယနေ့အထိ အချပ်ရေ ၅ ဒသမ ၄ သန်း ရောင်းချနိုင်ခဲ့ သော်လည်း  သီတင်းပတ် ၄၈ ပတ်ကြာ စံချိန်တင်ခဲ့သည့် အမေရိကန်အဆိုတော် ဘရုစ်စပင်စတင်း၏ စံချိန်ကို လိုက်မှီရန် အလှမ်းဝေးနေသေးသည်။ ဘရုစ်စပင်စတင်း၏ Born In The USA  တေးသီချင်း အယ်လ်ဘမ်သည်  ၁၉၈၄ ခုနှစ် ဇွန်လမှ ၁၉၈၆ ခုနှစ် ဇန်နဝါရီလအထိ ထိပ်တန်း ဆယ်နေရာတွင် ရပ်တည်ခဲ့သည်။

တေလာဆွဇ်၏ 1898 တေးသီချင်းအယ်လ်ဘမ်သည် လွန်ခဲ့သည့်နှစ်က ထွက်ရှိခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့သည့် တေးသီချင်း အယ်လ်ဘမ်တစ်ခုဖြစ်ကြောင်း စာရင်းဇယားများအရ သိရသည်။

တေလာသည်  ၂၀၁၀ ခုနှစ်က Speak Now  တေးသီချင်းအယ်လ်ဘမ် ၊ ၂၀၁၂ ခုနှစ်က  Red  တေးသီချင်း အယ်လ်ဘမ်နှင့်  ၂၀၁၄ ခုနှစ်က 1989 တေးသီချင်း အယ်လ်ဘမ် ထွက်ရှိခဲ့ပြီးနောက် တေးသီချင်းအယ်လ်ဘမ် သုံးခု ပွဲဦးထွက် သီတင်းပတ်များတွင် သန်းနှင့်ချီ ရောင်းချရောင်းရသည့် ပထမဆုံး တေးသံရှင် အမျိုးသမီး ဖြစ်လာသည်။

တေလာဆွဇ်၏ 1989 တေးသီချင်း အယ်လ်ဘမ်သည် အမေရိကန်ဘေလ်ဘုတ် ထိပ်တန်း ဆယ်နေရာတွင် တစ်နှစ်ပတ်လုံး ရပ်တည်နိုင်သည့်  ပဉ္စမမြောက် တေးသီချင်းအယ်လ်ဘမ် ဖြစ်လာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly