ဂွာဒီယိုလာ၏ အနာဂါတ်မှာ ဘိုင်ယန်မြူးနစ် လက်ထဲတွင်မရှိဟု ဖိလစ်လမ်းဝန်ခံ

ဂွာဒီယိုလာ၏ အနာဂါတ်မှာ ဘိုင်ယန်မြူးနစ် လက်ထဲတွင်မရှိဟု ဖိလစ်လမ်းဝန်ခံ

အောက်တိုဘာ ၂၉၊ မြူးနစ်။             ။ နည်းပြဂွာဒီယိုလာဆက်ရှိနေရေးမှာ ဘိုင်ယန်မြူးနစ်အသင်း၏လက်ထဲတွင်မရှိဟု ဖိလစ်လမ်းက ဝန်ခံပြောဆိုလိုက်သည်။

စပိန်လူမျိုးနည်းပြဂွာဒီယိုလာလက်ထက်တွင် ဘွန်ဒက်စ်လီဂါဖလားနှစ်လုံး၊ ဂျာမန်ဖလား၊ ယူအီးအက်ဖ်အေစူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလား ရထားသော ဖိလစ်လမ်းက အသင်းသားများသည် ဂွာဒီယိုလာကို ဂျာမနီတွင်သာဆက်ရှိစေလိုသည်ဟုလည်း ဝန်ခံသည်။

သို့သော်လည်း ဂွာဒီယိုလာ၏သုံနှစ်စာချုပ်မှာ ယခုနှစ်ဘောလုံးရာသီအကုန်တွင် သက်တမ်းပြည့်မည်ဖြစ်ပြီး အသက် ၄၄ နှစ်ရှိနည်းပြက အင်္ဂလန်ကိုမျက်စိကျနေခြင်းနှင့်အတူ ချယ်လ်ဆီး၊ မန်စီးတီးစသည့်အသင်းများက အခိုင်အမာချိတ်ဆက်ကမ်းလှမ်းနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

"အသင်းကသူ့လက်အောက်မှာကောင်းနေပြီး သူ့ကိုထောက်ခံတယ်ဆိုတာ ကွယ်ဝှက်ထားစရာကိုမလိုတာပါ။ အရာရာတိုင်းကတော့ ကျွန်တော်တို့လက်ထဲမှာ ရှိမနေပါဘူး"ဟု ဖိလစ်လမ်းကပြောသည်။

ဂွာဒီယိုလာသည် အသင်းနှင့်စာချုပ်သစ်ကိစ္စသဘောမတူသေးသော်လည်း ဘိုင်ယန်မြူးနစ်အသင်း၏လက်ရှိခြေစွမ်းအပေါ်သက်ရောက်ခြင်း မရှိဘဲ ဘွန်ဒက်စ်လီဂါ ၁၁ ပွဲကစားပြီး ရာနှုန်းပြည့်အနိုင်ရထားသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly