စင်္ကာပူက ပြန်လာသည့် အမျိုးသမီးအပါအဝင် ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ ၁၃ ဦးတွင် ရောဂါမရှိ

စင်္ကာပူက ပြန်လာသည့် အမျိုးသမီးအပါအဝင် ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ ၁၃ ဦးတွင် ရောဂါမရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ။         ။ စင်္ကာပူနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသော လူနာနှင့် အနီးကပ်ထိတွေ့မှုရှိခဲ့ပြီး စင်္ကာပူနိုင်ငံကပြန်လာသည့် တောင်ဒဂုံမြို့နယ်နေ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးအပါအဝင် သက်ဆိုင်ရာဆေးရုံအသီးသီးတွင် စောင့်ကြည့်ကုသမှုခံယူနေရသော လူနာ ၁၃ ဦးတွင် WHO ရည်ညွှန်းဓာတ်ခွဲခန်းအဖြေအရ ကိုရိုနာဗိုင်းရပ်စ်ရောဂါမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁၄ ရက်၊ ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ ၂၁ ဦးရှိသည့်အနက် ၁။တောင်ကြီးစဝ်စံထွန်းပြည်သူ့ဆေးရုံကြီးမှ အမျိုးသားတစ်ဦး၊

  • ၂။ပုတီးကုန်းတိုက်နယ်ဆေးရုံမွ အမျိုးသမီးတစ်ဦး၊
  • ၃။ ပုဏ္ဏားကျွန်းမြို့နယ်ဆေးရုံမှ  အမျိုးသမီးတစ်ဦး၊
  • ၄။မကွေးပြည်သူ့ဆေးရုံကြီးမှ အမျိုးသမီးတစ်ဦး၊
  • ၅။ မန္တလေးပြည်သူ့ဆေးရုံကြီးမှ  အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး၊
  • ၆။ဝေဘာဂီအထူးကုဆေးရုံမွ စင်္ကာပူနိုင်ငံက ပြန်လာသည့် အမျိုးသမီး၊
  • ၇။ မောင်တောပြည်သူ့ဆေးရုံမွ အမျိုးသားတစ်ဦး၊
  • ၈။ပေါက်မြို့နယ်ဆေးရုံမှ အမျိုးသမီးတစ်ဦး၊

၉။မောက်မယ်မြို့နယ်ဆေးရုံမှ အမျိုးသမီးသုံးဦး၊ အမျိုးသားတစ်ဦး စသည့် စောင့်ကြည့်လူနာ ၁၃ ဦးတို့တွင် ရောဂါမရှိကြောင်း WHO ရည်ညွှန်းဓာတ်ခွဲခန်းမှ အကြောင်းပြန်ခဲ့ခြင်းဖြစ်ပြီး ကျန်လူနာများ၏ ဓာတ်ခွဲအဖြေများ ကိုလည်း ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာများနှင့် စောင့်ကြည့်လူနာများ၏ ဓာတ်ခွဲနမူနာများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းမှတဆင့် ထိုင်းနိုင်ငံက WHO ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးမှုများ ပြုလုပ် ခဲ့ရာ လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ မတွေ့ရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရှိ၊ မရှိကို US CDC ၏ အကူအညီဖြင့် ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းတွင် ယခု ဖေဖော်ဝါရီလကုန်ပိုင်းကစတင်ပြီး စတင်ဓာတ်ခွဲစစ်ဆေးနိုင်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက်အထိ စာရင်းအရ ကိုရိုနာဗိုင်းရပ်စ်သစ် (COVID-19) ကြောင့် သေဆုံးသူ စုစုပေါင်း  ၁၅၂၃ ဦးနှင့် ကူးစက်ခံရသူ ၆၆၀၀၀ ကျော် ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly