အင်ဒိုနီးရှား၌ ဗယ်လင်တိုင်းနေ့မှာ ဟိုတယ်တွေကို ဝင်ရောက်စီးနင်းပြီး လက်မထပ်ရသေးတဲ့ စုံတွဲတွေကို ဖမ်းဆီး

အင်ဒိုနီးရှား၌ ဗယ်လင်တိုင်းနေ့မှာ ဟိုတယ်တွေကို ဝင်ရောက်စီးနင်းပြီး လက်မထပ်ရသေးတဲ့ စုံတွဲတွေကို ဖမ်းဆီး

ဖေဖော်ဝါရီ ၁၅။                   ။ အင်ဒိုနီးရှားနိုင်ငံ မာကာဆားမြို့မှာ ပြီးခဲ့တဲ့ ချစ်သူများနေ့မှာ ရဲတွေက ဟိုတယ်တွေကို ဝင်ရောက်စီးနင်းပြီး လက်မထပ်ရသေးတဲ့ စုံတွဲတွေကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ဗယ်လင်တိုင်းဒေး ခေါ် ချစ်သူများနေ့ဟာ မကောင်းမှုဒုစရိုက်ဆိုပြီး ခုလို ဟိုတယ်တွေမှာ လက်မထပ်ရသေးတဲ့ စုံတွဲတွေကို ဝင်ရောက်ဖမ်းဆီးတာဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်က ဖော်ပြပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ချစ်သူများနေ့ကို ကျင်းပနေပေမယ့် မွတ်စလင်အများစု အင်ဒိုနီးရှားနိုင်ငံ ပြည်နယ်အချို့မှာ နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ကျင့်ဝတ်ကို ချိုးဖောက်တာအဖြစ် ချစ်သူများနေ့ကို တားမြစ်တာတွေ ရှိနေတာ ဖြစ်ပါတယ်။

ရှာရီယာလော ပြဌာန်းထားတဲ့ ဘန်ဒါအက်ပြည်နယ်မှာ စားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေကို ဗယ်လင်တိုင်းနေ့ကို အားပေးအားမြှောက်မလုပ်ဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

မာကာဆားမြို့မှာတော့ ရဲတွေဟာ ဟိုတယ်တွေထဲ ဝင်ရောက်စီးနင်းပြီး လက်မထပ်ရသေးတဲ့ အတူနေစုံတွဲ နှစ်ဒါဇင်နီးပါးကို ဖမ်းဆီးခဲ့ပါတယ်။

အဲဒီလို ဖမ်းဆီးခဲ့ရာမှာ ဂျာမန်နိုင်ငံသားတစ်ဦးလည်း ပါဝင်ခဲ့ပြီး သူ့ဟာ အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးနဲ့ အတူတူနေနေတာဖြစ်ပေမယ့် လင်မယားတွေမဟုတ်တာကြောင့် ဖမ်းဆီးရတာ ဖြစ်ကြောင်း ဌာနေရဲဌာနအကြီးအကဲ အမ်မန်းဟက်က ပြောပါတယ်။

မွတ်စလင်အများစု အင်ဒိုနီးရှားနိုင်ငံမှာ အိမ်ထောင်ပြင်ပ လိင်ဆက်ဆံတာကို လူမြင်ကွင်းမှာ ကြိမ်ဒဏ်ပေးတဲ့ ရှာရီယာလော ဥပဒေကို အာချေးပြည်နယ်မှာ ကျင့်သုံးလျက်ရှိနေပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly