မောတောင်မြို့ တောမီးလောင်ကျွမ်းမှု ရှစ်နာရီအတွင်း နှစ်ရှည်ပင် ၇၀၀ ကျော်ဆုံးရှုံး

မောတောင်မြို့ တောမီးလောင်ကျွမ်းမှု ရှစ်နာရီအတွင်း နှစ်ရှည်ပင် ၇၀၀ ကျော်ဆုံးရှုံး
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

 ဖေဖော်ဝါရီ (၁၄)။           ။ မောတောင်မြို့တောင်ပေါ် မှာ တာမီးလောင်ကျွမ်းမှု မီးသတ်ကားတွေတက်ဖို့ခက်ခဲတာကြောင့် လောင်ကျွမ်းချိန် ရှစ်နာရီအတွင်း  ဥယျာဉ်ခြံ ၃ ခုမှ နှစ်ရှည်ပင် ၇၀၀ ကျော် မီးကူး စက် လောင်ကျွမ်းဆုံးရှုံး ခဲ့သည်ဟု  နယ်မြေ မီးသတ် စခန်းမှ သိရ သည်။

မောတောင်မြို့ နယ်မြေ မီးသတ်စခန်းမှ တာဝန်ခံ ဦးစည်သူက“မီးလောင်တာက မနေ့ နေ့လယ်ပိုင်းက ဖြစ်တယ်၊ မီးလောင်ကျွမ်းချိန် ၈ နာရီလောက် ကြာခဲ့ပါတယ်၊ မီးလောင်တာက တောမီးလည်း ဖြစ် တယ်၊ နောက်ပြီး၊ တောင်ပေါ်မှာ ဖြစ်နေတော့ မီးသတ်ကားတွေ တက်တာ ခက်ခဲလို့ အချိန် အကြာကြီး မီးလောင်မှု ဖြစ်ခဲ့တယ်”ဟု ပြောဆို သည်။

အဆိုပါ တောမီး လောင်ကျွမ်းမှု ဖြစ်စဉ်ကြောင့် ပုဂ္ဂလိကပိုင်လုပ်ငန်းရှင်များပိုင်ဆိုင်သောဥယျာဉ် ၃ ခုမှ ၃ နှစ်သား သီဟိုပင်  ၁၅၀၊ ၂ နှစ်သား ကွမ်းသီပင် ၄၀၀နှင့် ရော်ဘာပင် ၂၀၀ တို့ကို မီးကူးစက် ခဲ့သည်ဟု သိရ သည်။

 မောတောင်မြို့ အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်က“မီးလောင်တာက မနေ့ နေ့လယ်ပိုင်း ၁၂ နာရီခွဲလောက်ကနေပြီး ည ၈ နာရီ ၄၅ မီနှစ်လောက် ကြာခဲ့တယ်၊ ဥယျာဉ်တွေကတော့ လေးငါးခြံလောက် ပါသွားတယ်”ဟုပြောသည်။

အဆိုပါ တောမီး လောင်ကျွမ်းမှု အကြောင်းရင်းမှာ ရာသီဥတု ပူပြင်းတာကြောင့် ဖြစ်နိုင်ခြေ ရှိကြောင်းနယ်မြေ မီးသတ်စခန်းမှလတ်တလောသုံးသပ်ထားပြီးဆက်လက် စုံစမ်းနေပါတယ်လို့ မြိတ်ခရိုင် မီး သတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်ဝင်းက ပြော သည်။မောတောင်မြို့မှာ ယခုရက်ပိုင်းအတွင်း ရာသီဥတုကနေ့အပူချိန်မြင့်မားနေကြောင်းသိရသည်။လက်ရှိ အချိန် အထိကတော့ သက်ဆိုင်ရာ နယ်မြေ မီး သတ်စခန်းက တောမီးလောင်ကျွမ်းခြင်းဖြစ်သည့်အတွက် အမှုဖွင့် အရေးယူတာမျိုးတော့ မရှိသေးကြောင်းသိရသည်။

တောမီးလောင်မှု အခြေအနေကို နယ်မြေခံ မီးသတ်စခန်း၊ ကုမ္ပဏီ မီးသတ်ကား၊ တပ်မတော်သားများနဲ့ ဒေသခံ ပြည်သူများက ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly