"မန္တလေး-အင်ဖာ ဘတ်စ်ကားလိုင်း ပြေးဆွဲရန်အတွက် MoU ရေးထိုး"

"မန္တလေး-အင်ဖာ ဘတ်စ်ကားလိုင်း ပြေးဆွဲရန်အတွက် MoU ရေးထိုး"

ဖေဖော်ဝါရီ ၁၄ ။           ။ မန္တလေး-အင်ဖာ ဘတ်စ်ကားလိုင်း ပြေးဆွဲရန်အတွက် MoU ရေးထိုးခြင်းကို ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၁၁နာရီက မန္တလေးမြို့ရှိ အိန္ဒိယ ကောင်စစ်ဝန်းရုံးတွင်ပြုလုပ်သည်။

မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံ နှစ်နိုင်ငံ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြန်မာနိုင်ငံဘက်မှShwe Mandalar Express Co. ,Ltdနှင့် အိန္ဒိယ နိုင်ငံဘက်မှ Seven Sister Holidays Co. ,Ltdတို့က MoU လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး လာမည့် ဧပြီးလ ၇ ရက်နေ့တွင် စတင်ပြေးဆွဲသွားမည်ဖြစ်သည်။

"ကျွန်တော်တို့ တစ်နှစ်ကျော်လောက်ရှိပြီ ပြေးဆွဲဖို့အတွက်ဟိုဘက် နိုင်ငံ ဒီဘက် နိုင်ငံ ညှိုနှိုင်းခဲ့တာ အခု MoU ထိုးနိုင်ပါပြီ။ပြေးဆွဲဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ။"ဟု Shwe Mandalar Express Co. ,Ltdမှ မန်နေဂျင်း ဒါရိုက်တာ ဦးနေလင်းဦးကပြောသည်။

ခရီစဉ်စတင်ပြေးဆွဲလိုက်သည်နှင့် အနှေးနှင့်အမြန် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှဖြစ်သလို နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုများလည်း လွယ်ကူလာမည်ဖြစ်သည်။Seven Sister Holidays Co. ,Ltdအနေဖြင့် မြန်မာနိုင်ငံသို့ အိန္ဒိယ ခရီးသွား များစွာ ပို့ပေးနိုင်မည်ဟုမျှော်လင့်ထားသလို မြန်မာနိုင်ငံဘက်မှခရီးသွားများကလည်း အိန္ဒိယနိုင်ငံဘက်သို့ လာရောက်လိမ့်မည်ဟု မျှော်လင့်ကြောင်း Seven Sisters Holiday Co.,Ltdမှ Managing Partner H.Radhakrishna Sharma ကဆိုသည်။

"မြန်မာနိုင်ငံမှာ လည်ပတ်စရာ အများကြီးရှိပါတယ်။အိန္ဒိယ ခရီးသွားတွေအနေနဲ့ မြန်မာကို လာဖို့များပါတယ်။မြန်မာနိုင်ငံဘက်ကတော့ တစ်ချက်ကြည့်ရမယ်။ဘုရားဖူးရှိမယ်။ဆေးဝါးကုသမယ့်သူတွေ လာမယ်လို့ မျှော်လင့်ပါတယ်။"ဟု Seven Sisters Holiday Co.,Ltdမှ Managing Partner H.Radhakrishna Sharma ကပြောသည်။

ခရီးသွားများ လည်ပတ်ရာတွင် အဆင်ပြေစေရန်လည်း စီစဉ်ဆောင်ရွက်ပေးမှာဖြစ်သလို ခရီးစဉ်တစ်လျှောက် ခရီးသည်များ နားနေ စားသောက်ရန်အတွက်လည်း စီမံထားပြီး
လတ်တလောတွင် ယာဉ်စီးခ နှုန်းထားများ မသတ်မှတ်ရသေးကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly