ပလက်ဝဒေသမှာ AA အဖွဲ့တွေ လှုပ်ရှားနေဦးမယ် တပ်မတော်နဲ့ လုံးဝ အဆက် အသွယ်မလုပ်ဖို့ ကျွန်တော့်ကို မှာခဲ့တယ်

14 February 2020
ပလက်ဝဒေသမှာ AA အဖွဲ့တွေ လှုပ်ရှားနေဦးမယ် တပ်မတော်နဲ့ လုံးဝ အဆက် အသွယ်မလုပ်ဖို့ ကျွန်တော့်ကို မှာခဲ့တယ်

မဇ္ဈိမ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အမှတ် (၁၁) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်က ပလက်ဝ-ကျောက် တော်ကြားမှာ ရခိုင်လက် နက်ကိုင်တပ်ဖွဲ့(AA)၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ထို့နောက် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်မှာ AA က ပြန်လွတ်ပေးခဲ့ရာ လက်ရှိမှာတော့ လွှတ်တော် လုပ်ငန်း များကို ပြန်လည် ဆောင်ရွက်နေပြီး ဖြစ်သည်။

ထို့ကြောင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို တွေ့ဆုံ၍ ဖမ်းဆီးခံခဲ့ရမှု အခြေအနေ အပါ အဝင် မည်ကဲ့သို့ နားလည်မှု ရယူနိုင်ခဲ့သလဲ၊ မည်သည့် ပုံစံမျိုး ဖမ်းဆီး ခံခဲ့ရသလဲ၊ ဖမ်းဆီးခံခဲ့သည့် ကာလ အတွင်း မည်သို့ ဖြတ်သန်းခဲ့ရသလဲ၊ ပလက်ဝမြို့နယ် မှာ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပ နိုင်ရေး မည်သို့ စိုးရိမ်မှုများ ရှိနေပါ သလဲ စသည့် ကိစ္စများကို မဇ္ဈိမမီဒီယာမှ အယ်ဒီတာ ချစ်မင်းထွန်းက တွေ့ဆုံ မေးမြန်းထားပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly