I.force (Isolated Force) ၏ နောက်မဆုတ်နဲ့ တေးအယ်ဘမ် ထွက်ရှိမည်

I.force (Isolated Force) ၏ နောက်မဆုတ်နဲ့ တေးအယ်ဘမ် ထွက်ရှိမည်

ရန်ကုန်၊ အောက်တိုဘာ ၂၉ ။                 ။ လူငယ် ၃ဦးဖြင့် ဖွဲ့စည်းထားသည့် I.force (Isolated Force) ၏ နောက်မဆုတ်နဲ့ တေးအယ်ဘမ် Audio CD ကို နိုဝင်ဘာ ၃ရက်တွင် Bo Bo Music Production မှ စတင် ဖြန့်ချိသွားမည် ဖြစ်သည်။

I.force (Isolated Force) ၏ နောက်မဆုတ်နဲ့ တေးအယ်ဘမ် Audio CD ထွက်ရှိမည့် အကြောင်း စာနယ်ဇင်းများနှင့် မိတ်ဆက်ခြင်း အခမ်းအနားကို အောက်တိုဘာ ၂၉ရက်တွင် ရန်ကုန်မြို့ရှိ Orchid Hotel၌ ပြုလုပ်ခဲ့သည်။

I.force (Isolated Force) အဖွဲ့သည် လူငယ် ၃ဦး ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး လင်းမြတ်အောင်၊ နန္ဒအောင်ရှိန်၊ ချမ်းမြေ့သူတို့ပါဝင် ကြသည်။ ထိုအဖွဲ့တွင် ပါဝင်သည့် လင်းမြတ်အောင်သည် တယ်လီနော မြန်မာမှ ပြုလုပ်သည့် “မြန်မာရဲ့ တေးသွားငွေကြယ်ပွင့်” ပြိုင်ပွဲတွင် ပထမဆု ရရှိ ခဲ့သူ တစ်ဦး ဖြစ်သည်။

ထို တေးအယ်ဘမ်တွင် ကိုင်ပိုင်သံစဉ် Rock တေးသီချင်းများ ပါဝင်ပြီး တေးသီချင်း ၁၅ပုဒ် ပါဝင်ကာ သီချင်း ၁၄ပုဒ်ကို အဖွဲ့ဝင် ၃ဦးထဲက နန္ဒအောင်ရှိန် ကိုယ်တိုင် ရေးစပ်ထားခြင်း ဖြစ်ပြီး လင်းမြတ်အောင်က တစ်ပုဒ် ပါဝင် ရေးသားထားသည်။

နောက်မဆုတ်နဲ့ တေးအယ်ဘမ် VCD အတွက်ကိုလည်း Audio CD ထွက်ရှိပြီး နောက်ပိုင်းတွင် ရိုက်ကူး သွားရန် စီစဉ်ထားသည်။

၎င်းတို့ အဖွဲ့သည် ယခင်က အနုပညာ လှုပ်ရှားမှုမရှိခဲ့ဘဲ ဖွဲ့စည်းခဲ့သည်မှာ တစ်နှစ်သာရှိသေးသည့် အဖွဲ့တစ်ဖွဲ့လည်း ဖြစ်သည်။ နောက်မဆုတ်နဲ့ တေးအယ်ဘမ်သည် ၎င်းတို့ အဖွဲ့၏ ပထမဆုံး ခြေလှမ်းဖြစ်ပြီး နောက်ပိုင်းတွင်လည်း အနုပညာ လှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags