ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဟောင်ကောင်၊ စင်္ကာပူ Rugby Sevens ပြိုင်ပွဲများကို ရွှေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဟောင်ကောင်၊ စင်္ကာပူ Rugby Sevens ပြိုင်ပွဲများကို ရွှေ့ဆိုင်း
Photo: AFP

ဟောင်ကောင်နဲ႔ စင်္ကာပူ Rugby Sevens Series ပြိုင်ပွဲတို့ကို ဧပြီလမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ပြိုင်ပွဲတွေကို အောက်တိုဘာလကို ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

ဧပြီလရဲ့ တရုတ် Grand Prix ကားမောင်းပြိုင်ပွဲအပါအဝင် အာရှမှာ ကျင်းပမယ့် အားကစားပြိုင်ပွဲ အများအပြားကို ရွှေ့ဆိုင်းနေရတာလည်းဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်ထိ စာရင်းအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာ ၁,၃၈၀ ဦးထိ မြင့်တက်လာပါတယ်။

"ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့်" ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်တယ်လို့ ကမ္ဘာ့ရပ်ဂ်ဘီက ကြေညာချက်မှာ ပြောပါတယ်။

"ကျနော်တို့ရဲ့ ကစားသမားတွေ၊ ပရိသတ်တွေနဲ့ ပြိုင်ပွဲမှာ လုပ်ကိုင်နေကြတဲ့ လူတိုင်းရဲ့ ကျန်းမာရေးနဲ့ လုံခြုံမှုဟာ အမြဲတမ်း ကျနော်တို့ရဲ့ ထိပ်ဆုံးဦးစားပေးဖြစ်ပါတယ်။"

ကမ္ဘာ့ရပ်ဂ်ဘီ စင်္ကာပူ Sevens ပြိုင်ပွဲကို အောက်တိုဘာ ၁၀-၁၁ မှာ ကျင်းပမှာဖြစ်ပြီး အဲဒီနောက် ဟောင်ကောင် Sevens ကိုတော့ အောက်တိုဘာ ၁၆-၁၈ ရက်တွေမှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly