အင်ဒိုနီးရှား၌ မယ်ရာပီမီးတောင်ပေါက်ကွဲမှုဖြစ်ပွား

အင်ဒိုနီးရှား၌ မယ်ရာပီမီးတောင်ပေါက်ကွဲမှုဖြစ်ပွား

 ဖေဖော်ဝါရီ ၁၄ ။             ။ အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာ့အလှုပ်ရှားဆုံးမီးတောင်များအနက် တစ်ခုအပါအဝင်ဖြစ်တဲ့ မယ်ရာပီမီးတောင်ဟာ ဖေဖော်ဝါရီ ၁၃ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မီးတောင်ဝမှ ချော် ရည်ပူများစီးကျခဲ့ကာ  မီးခိုးပြာများလည်း အမြင့်ပေ ၆၅၀၀ ခန့်အထိ မှုတ်ထုတ်ခဲ့ပါတယ်။

ယမန်နေ့အစောပိုင်းက မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတဲ့နောက် အာဏာပိုင်တွေဟာ သတိပေးချက် တစ်စုံတစ်ရာမထုတ်ပြန်ခဲ့ပေမဲ့ အဲဒီဒေသမှာ လေယာဉ်တွေကို သတိထားပျံသန်းဖို့ အကြံပေးခဲ့ပါတယ်။

မယ်ရာပီမီးတောင်ဟာ ယဉ်ကျေးမှုမြို့တော် ဂျော့ဂျကာတာအနီးမှာတည်ရှိတာဖြစ်ပြီး ဒေသခံတွေကိုလည်း မီးတောင်ရဲ့ သုံးကီလိုမီတာပတ်ပတ်လည်ကို မသွားကြဖို့ မှာထားပါတယ်။

အဆိုပါမီးတောင်ဟာ၂၀၁၀ ခုနှစ်က နောက်ဆုံးပေါက်ကွဲခဲ့ပြီးတော့ လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့ကာ ဒေသခံသုံးသိန်းနီးပါး ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြရပါတယ်။

အကြီးမားဆုံးပေါက်ကွဲမှုက ၁၉၃၀ ခုနှစ်ကဖြစ်ပြီး လူပေါင်း ၁၃၀၀ ခန့် သေဆုံးစေခဲ့တာပါ။

အရှေ့တောင်အာရှကျွန်းစုတွေမှာ ကျွန်းနဲ့ကျွန်းငယ်ပေါင်း ၁၇၀၀၀ ကျော်ရှိပြီး မီးတောင်ရှင် ၁၃၀ နီးပါးရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly