ကလေးအသားအရေ အတွက် အုန်းဆီရဲ့အသုံးဝင်ပုံ (၂၁) ချက်

ကလေးအသားအရေ အတွက် အုန်းဆီရဲ့အသုံးဝင်ပုံ (၂၁) ချက်

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ကလေးတွေရဲ့အသားအရေက နူးညံ့လွန်းတာကြောင့် သူတို့လေးတွေအတွက် အသုံးအဆောင်ပစ္စည်းရွေးချယ်ရတာလွယ်တဲ့အလုပ်မဟုတ်ပါဘူး။ အသားအရေထိန်းသိမ်းရေးပစ္စည်းတွေဆို ရွေးရပိုခက်ပါတယ်။ ထုတ်ကုန်ထဲမှာ ဘာတွေပါမလဲ၊ ဓါတုပစ္စည်းတွေပါနေမလား၊ ကလေးနဲ့တည့်ပါ့မလား စိုးရိမ်နေရတယ်ဆိုရင် ဒါမှမဟုတ် ကိုယ့်ကလေးက တုံ့ပြန်လွယ်အသားအရေဖြစ်ရင် သဘာဝပစ္စည်းတွေကို သုံးတာကောင်းပါတယ်။ သဘာဝပစ္စည်းတွေက ကုန်ကျစရိတ်သက်သာသလို စီမံပြုပြင်ထားတဲ့ကုန်ပစ္စည်းတွေထက် ကလေးအသားအရေ အတွက် ထိခိုက်မှု၊ဘေးထွက်ဆိုးကျိုးနည်းစေမှာပါ။

အုန်းဆီဟာ အသားအရေအတွက်ရော၊ ဆံသားအတွက်ပါ အကျိုးကျေးဇူးများတဲ့သဘာဝပစ္စည်းတစ်မျိုးုဖြစ်ပါတယ်။ အုန်းဆီမှာ အရောင်ကျစေခြင်း၊ ဘက်တီးရီးယားကိုသေစေခြင်း နဲ့ဓါတ်တိုးဆန့်ကျင်ဂုဏ် သတ္တိတွေအပါ အဝင် ကျန်းမာရေးအကျိုးကျေးဇူးတွေအပြည့်အဝရှိနေပါတယ်။ သင့်ကလေးအတွက် သုံးနိုင်မယ့်ဘေးအကင်းဆုံးအဆီတစ်မျိုးဆိုတာ သံသယမရှိပါနဲ့။ ခရင်မ်တွေ၊လိုးရှင်းတွေအများစုက အရေပြားအပေါ် ယံတစ်ရှူးတွေ အတွက်ပဲထောက်ပံ့ဖို့စီမံထုတ်လုပ်ထားတာဖြစ်ပေမယ့် အုန်းဆီကတော့ ပိုနက်ရှိုင်းတဲ့အလွှာအထိ တာရှည်ခံအာနိသင်ပေးနိုင်ပါတယ်။ အုန်းဆီရဲ့မော်လီကျူးဖွဲ့စည်းပုံကြောင့် အရေပြားမှာ စုပ်ယူရပိုလွယ်စေတာ လည်းဖြစ်ပါတယ်။

ကလေးငယ်တွေရဲ့အသားအရေအတွက် အုန်းဆီက စွယ်စုံကိုအသုံးဝင်တာပါ။ ဘယ်နေရာတွေမှာ အသုံးဝင်သလဲဆိုတာအောက်မှာဖော်ပြပေးလိုက်ပါတယ်။
(၁) ဓါတ်မတည့်ခြင်း/ ဝတ်မှုန်ကြောင့်ဖျားခြင်း(Hay Fever)-

ဖြစ်လာရင် နှာခေါင်းပေါက်အဝနားလေးမှာ အုန်းဆီနည်းနည်းပွတ်ပေးလိုက်ပါ။ ဓါတ်မတည့်ဖြစ်နေတဲ့အမှုန် သို့မဟုတ် ဝတ်မှုန်တွေကပ်ပါလာပါလိမ့်မယ်။
(၂) ကလေးဝက်ခြံ–

ဖြစ်လာရင် အုန်းဆီခပ်ပါးပါး တစ်နေ့နှစ်ကြိမ်လိမ်းပေးပါ။ မပျောက်မချင်း လိမ်းလို့ရပါတယ်။
(၃) ထိခိုက်ပွန်းပဲ့ဒဏ်ရာလေးတွေ –

ဖြစ်လာရင် ဒဏ်ရာပေါ်တိုက်ရိုက်လိမ်းပေးပါ။ အုန်းဆီက နီရဲရောင်ရမ်းမှုကိုလျော့ကျစေပြီး အနာကျက်ဖို့ အားပေးပါတယ်။
(၄) ပိုးမွှားကိုက်ခံရတဲ့အခါ-

အကိုက်ခံရတဲ့နေရာကို အုန်းဆီလိမ်းပေးပါ။ အုန်းဆီက ယားယံမှုနဲ့ ပူလောင်သလိုခံစားမှုကို သက်သာစေပြီး အနာပျောက်ကင်းမှုမြန်စေပါတယ်။
(၅) အပူလောင်တဲ့အခါ –

အုန်းဆီချက်ချင်းလူးပေးပြီး အနာမကျက်မချင်း ဆက်လူးပေးပါ။ အမာရွတ်ဖြစ်ကျန်နိုင်ခြေ နည်းစေပြီး အနာကျက်ပိုမြန်စေပါတယ်။
(၆)ရေကျောက်ဖြစ်လာရင် –

အရေပြားမှာတင် မကဘဲ ပါးစပ်ထဲကအနာတွေကိုပါအုန်းဆီလိမ်းပေးလို့ရပါတယ်။ ယားယံမှုကို သက်သာစေတဲ့အပြင်ရောင်ရမ်းမှုကိုလျော့ကျစေပြီးဝေဒနာသက်သာစေပါတယ်။ ကလေးမှာ ခံစားရတဲ့ဒဏ် သက်သာစေတာပေါ့။
(၇)ဗောက်ထသလို ဦးရေပြား အဆီထွက်များ၊ အရေခွံကွာတဲ့ cradle capဖြစ်လာရင် –

အုန်းဆီက ကလေးရဲ့အရေပြားကိုအားဖြည့်ပေးရုံတင်မကဘဲ cradle cap ကိုလည်း သက်သာစေပါတယ်။ အုန်းဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းလောက်ကိုပဲ ဦးရေပြားမှာနေ့တိုင်းလိမ်းပေးပါ။
(၈)ချောင်းဆိုးတဲ့အခါ –

အုန်းဆီနဲ့တခြားအဆီတွေရောပြီး ကလေးရဲ့ရင်ဘတ်မှာ စိမ့်ဝင်အောင်လူးပေးလို့ရပါတယ်။
(၉)သေးခံလောင်တဲ့အခါ –

ထိခိုက်စေတဲ့ဓါတုပစ္စည်းတွေမပါတဲ့ အုန်းဆီက ကလေးရဲ့အရေပြားအတွက် အရမ်းကိုအသုံးဝင်ပါတယ်။ အရေပြားကိုမပွန်းအောင်လည်း ကာကွယ်ပေးပါတယ်။
(၁၀) နားပိုးဝင်ခြင်းဖြစ်လာရင် –

အုန်းဆီတစ်စက်နှစ်စက်ခန့်တစ်နေ့နှစ်ကြိမ် ခပ်ပေးရင် နာကျင်မှုသက်သာစေမှာပါ။ ပိုးလည်းသေစေနိုင်ပါတယ်။
(၁၁) လက်စွယ်ငုပ်ခြင်းဖြစ်လာရင် –

ပိုးမဝင်စေဖို့နဲ့ အနာကျက်မြန်စေဖို့ အုန်းဆီအနည်းငယ်လိမ်းပေးပါ။
(၁၂) အနာကျက်စေခြင်း

ကလေးမှာ ထိရှအနာလေးတွေ၊ ပွန်းရာ၊ခြစ်ရာလေးတွေဖြစ်လာရင် အုန်းဆီက အနာကို ပြင်ပက ဖုန်မှုန့်၊ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်တွေ မဝင်နိုင်အောင်ကာကွယ်ပေးတဲ့ အလွှာတစ်ခုဖန်တီးပေးပါတယ်။ အုန်းဆီက ပျက်စီးနေတဲ့တစ်ရှူးတွေကိုပြန်လည်ပြုပြင်ပေးပြီးအနာကျက်မြန်စေပါတယ်။
(၁၃) သန်းသေစေပါတယ်။

ကလေးရဲ့ဦးရေပြားမှာ ပုံမှန်လိမ်းပေးရင်ပဲ သန်းသေစေပြီး ဦးရေပြားခြောက်သွေ့ခြင်းကိုလည်း သက်သာစေပါတယ်။
(၁၄)ခြင်မကိုက်အောင်လည်းအသုံးဝင်ပါတယ်။

အုန်းဆီကိုခြင်မကိုက်လိမ်းဆေးအဖြစ်လည်းသုံးလို့ရသလို ကြမ်းပိုး သို့မဟုတ် ခြင်ကိုက်ခံရတဲ့နေရာတဝိုက်မှာ ပွတ်လူးပေးရင်လည်း ယားယံမှုသက်သာစေပါတယ်။
(၁၅) နို့ပွေးဖြစ်လာရင် –

တစ်နေ့ ၈ ကြိမ်မှ ၁၀ ကြိမ် လိမ်းပေးရုံနဲ့ သက်သာပျောက်ကင်းစေနိုင်ပါတယ်။
(၁၆) ငယ်ထိပ်ကိုထိခိုက်မှုနည်းစေပါတယ်။

ကလေးရဲ့ငယ်ထိပ်ကို လူးပေးရင် အရေပြားလေးပိုကြံ့ခိုင်စေပြီး ထိခိုက်မှုနည်းစေပါတယ်။
(၁၇) ကလေးဝက်ခြံ ကိုလည်းသက်သာစေပါတယ်။

ဝက်ခြံလေးတွေပေါ် အုန်းဆီနဲ့တို့ပေးခြင်းကို တစ်နေ့သုံးကြိမ်လုပ်ပေးပါ။
(၁၈)နေလောင်ခြင်းကိုသက်သာစေပါတယ်။

နေလောင်ထားတဲ့နေရာကို နည်းနည်းလိမ်းပေးပါ။
(၁၉) နေရောင်ကာခရင်မ်လို သုံးနိုင်ပါတယ်။

အုန်းဆီဟာနေရောင်ခြည်ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် SPF ပါဝင်တဲ့တခြားအဆီတစ်မျိုးမျိုးနဲ့ပေါင်းစပ်အသုံးပြုရင် ပိုကောင်းပါတယ်။
(၂၀) သွားဖုံးနာတာသက်သာစေတယ်။

ကလေးတွေ သွားပေါက်တဲ့အခါ သွားဖုံးနာသက်သာစေဖို့ သွားဖုံးလေးတွေကို အုန်းဆီပွတ်လိမ်းပေးပါ။
(၂၁) ဘော်ဒီလိုးရှင်းလိုသုံးနိုင်ပါတယ်။

ကလေးငယ်တွေရဲ့အရေပြားက နူးညံ့လွန်းတဲ့အတွက် လိုးရှင်းတွေလိမ်းဖို့အမြဲမလိုအပ်ပေမယ့် ကလေးမှာ အရေပြားခြောက်သွေ့တဲ့အခါ အုန်းဆီက အကောင်းဆုံးသဘာဝmoisturizer ပါပဲ။

ဒါတွေက ကလေးအသားအရေအတွက် အုန်းဆီရဲ့အသုံးဝင်ပုံတချို့ဖြစ်ပါတယ်။ ဒါပေမယ့် အပူကန်ပြီးဖြစ်လာတဲ့အသားအရေ အနီကွက်တွေကိုတော့အုန်းဆီမလိမ်းသင့်ပါဘူး။ချွေးပေါက်တွေပိတ်စေပြီး အရေပြားအတွင်းမှာ အစိုပြန်စေနိုင်တာကြောင့်ဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly