ဆော်ဒီအာရေဗျတွင် ကြိမ်ဒဏ် ၃၆၀အပြစ်ပေးခံရသည့် ဗြိတိန်နိုင်ငံသားကို လွတ်ပေးတော့မည်

ဆော်ဒီအာရေဗျတွင် ကြိမ်ဒဏ် ၃၆၀အပြစ်ပေးခံရသည့် ဗြိတိန်နိုင်ငံသားကို လွတ်ပေးတော့မည်

ရီယာ့ဒ်၊ အောက်တိုဘာ-၂၉ ။              ။ ဆော်ဒီအာရေဗျနိုင်ငံတွင် အိမ်လုပ်ဝိုင်ပုလင်း သယ်ဆောင်မှုဖြင့် ကြိမ်ဒဏ် ၃၆၀ ပြစ်ဒဏ်ချမှတ်ခံထားရသည့် ၇၄နှစ်အရွယ် ဗြိတိန်နိုင်ငံသားကို လွတ်ပေးတော့မည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဖိလစ် ဟာမွန်က အောက်တိုဘာလ ၂၈ရက်နေ့က ကြေညာခဲ့သည်။

တင်းကျပ်သော စွန်နီအစ္စလာမ်ဥပဒေအရ ဆော်ဒီအာရေဗျနိုင်ငံတွင် အရက်သေစာ၊ မူးယစ်ဆေး၊ လက်နက်များ၊ ဝက်သားနှင့် ညစ်ညမ်းပုံများကို တားမြစ်ပိတ်ပင်ထားသည်။

ကားလ် အန်ဒရီးမှာ တစ်နှစ်ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး သူ့အနေဖြင့် ကြိမ်ဒဏ်ကို ခံနိုင်ရည်မရှိမှာကို မိသားစုက စိုးရိမ်နေခဲ့ကြသည်ဟု ဆိုသည်။

‘ဗြိတိန်နိုင်ငံသား ကားလ် အန်ဒရီးတစ်ယောက် ရက်သတ္တတစ်ပတ်အတွင်းမှာ ဆော်ဒီက လွတ်မြောက်ပြီး မိသားစုနဲ့ ပြန်လည်ပေါင်းစည်းရမှာကို ကြေညာရတာ ဝမ်းသာမိပါတယ်’’ဟု ဟာမွန်က အောက်တိုဘာလ ၂၈ရက်နေ့က လူမှုကွန်ရက် တွစ်တာတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly