မန်ယူနဲ့ ကောလဟာလတွေကြားက ဘရတ်ဖို့ဒ်နဲ့ လိဒ်တို့ပွဲစဉ်မှာ ဝုဒ်ဝက်ဒ်ရဲ့ အကြံပေးအသစ် နေးလ် အက်ရှ်တန်နဲ့ မြင့်တွေ့ခဲ့ရတဲ့ ပိုချက်တီနို

မန်ယူနဲ့ ကောလဟာလတွေကြားက ဘရတ်ဖို့ဒ်နဲ့ လိဒ်တို့ပွဲစဉ်မှာ ဝုဒ်ဝက်ဒ်ရဲ့ အကြံပေးအသစ် နေးလ် အက်ရှ်တန်နဲ့ မြင့်တွေ့ခဲ့ရတဲ့ ပိုချက်တီနို

မန်ချက်စတာယူနိုက်တက်ရဲ့ ကိုယ်ရေးအကြံပေးအသစ် နေးလ် အက်ရှ်တန်နဲ့ တော့တင်ဟမ်နည်းပြဟောင်း ပိုချက်တီနိုတို့ကို ဘရတ်ဖို့ဒ်အသင်းနဲ့ လိဒ်ယူနိုက်တက်တို့ ကစားခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲကြည့်စင်မှာ အတူတွဲပြီးမြင်တွေ့ခဲ့ရပါတယ်။

စပါးအသင်းနဲ့ နိုဝင်ဘာလအတွင်းက လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ပိုချက်တီနိုဟာ အိုးထရက်ဖို့ဒ်မှာ ဆိုးလ်ရှားရဲ့ နေရာမှာ အစးထိုးနိုင်တဲ့သူအဖြစ် သတင်းတွေ ထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ပိုချက်တီနိုနဲ့  နေးလ် အက်ရှ်တွန်တို့ အတူတွဲပြီး မြင်ရတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာသလို Sky Sports ရဲ့ Live ထုတ်လွှင့်နေမှုအတွင်း သူတို့ရဲ့ ပုံရိပ်တွေ ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါကတော့ လူမှုကွန်ယက်မှာ တော်တော်လေးကို ပျံ့နှံ့သွားခဲ့ရတာဖြစ်ပြီး ထင်ကြေးတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Griffin Park မှာ ပွဲအစက သူတို့ နှစ်ဦး တစ်နေရာစီကနေ ပွဲကို ကြည့်ရှုခဲ့ကြပေမယ့် ပွဲပြီးဆုံးခါနီးမှာ ပိုချက်တီနိုက အက်ရှ်တန်ရှိရာ အနားကို သွားရောက်ပြီး စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

အက်ရှ်တန်ကတော့ ပြီးခဲ့တဲ့လကမှ ယူနိုက်တက်ရဲ့ အမှုဆောင်ချုပ် အက်ဝုဒ်ဝက်ဒ်ရဲ့အကြံပေးအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။

ပိုချက်တီနိုက "အရိုးသားဆုံးပြောရရင် ပရီးမီးယားလိဂ်မှာ နည်းပြလုပ်ဖို့ကို နှစ်သက်ပါတယ်။"လို့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

"'ဒီနေရာကို ပြန်သွားဖို့က ခက်ခဲနိုင်သေးတယ်ဆိုတာ ကျနော် သိပါတယ်။ အခုတော့ ရောက်လာမယ့်အချိန်ကို စောင့်ဆိုင်းရုံပါ။ ဘာတွေဖြစ်လာမလဲဆိုတာ ကျနော်တို့ တွေ့ရပါလိမ့်မယ်။

"အရင်က ဖြစ်ခဲ့တာတွေအတွက် ပြန်သုံးသပ်မှုတွေ ကိုယ့်ကိုယ်ကို ပြုလုပ်ပြီး အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ဘောလုံးလောကမှာ အမြဲတမ်း တစ်ခုခုဖြစ်ပျက်နေနိုင်ပြီး အဆင်သင့်ဖြစ်နေဖို့ လိုတာကြောင့်ပါ။

"ကျနော်ကတော့ အဆင်သင့်ပါပဲ။ စိန်ခေါ်မှုအသစ်အတွက်ကို စောာင့်ဆိုင်းနေခဲ့ပြီဖြစ်တယ်။ အံမခန်းဖြစ်လာမယ့် နောက်လာမယ့် စိန်ခေါ်မှုကို ရင်ဆိုင်ဖို့အတွက် ကျနော့်မှာ ယုံကြည်ချက်နဲ့ ယုံကြည်မှုရှိပါတယ်။"

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly