ဖေဖေမေမေတို့ သိချင်နေမယ့် ဘေဘီလေးရဲ့ လအလိုက်ဖွံ့ဖြိုးမှုအဆင့်ဆင့်

ဖေဖေမေမေတို့ သိချင်နေမယ့် ဘေဘီလေးရဲ့ လအလိုက်ဖွံ့ဖြိုးမှုအဆင့်ဆင့်

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဘေဘီလေးတစ်ယောက်ကိုကောင်းကောင်းမွန်မွန်အရွယ်ရောက်ကြီးပြင်းလာအောင်ပျိုးထောင်ရတာက အနုစိတ်လွန်းတဲ့အနုပညာဖန်တီးမှုတစ်ရပ်ပါ။ ဒီဖန်တီးမှုကို မိဘတိုင်းက အကောင်းဆုံးလုပ်ချင် ကြပါတယ်။  ဘေဘီလေးကြီးပြင်းအရွယ်ရောက်လာချိန်မှာနေ့ရက်တိုင်းက မိဘတွေအတွက် စိတ်လှုပ်ရှားခံစားမှုအပြည့်ပေါ့။ ဒီခံစားချက်က ဘာနဲ့မှမတူတဲ့ခံစားချက်ပါနော်။ ဒီအမှတ်ရလေးတွေကို အကောင်းဆုံးဖန်တီးနိုင်စေဖို့ ဒီဆောင်းပါးလေးကနေတဆင့်ဖေဖေမေမေတို့ကို လမ်းညွှန်ပေးပါရစေနော်။
ဘေဘီလေးရဲ့ မှတ်တိုင်စိုက်ထူမှုအစုစု

ကလေးတစ်ယောက်ကို မမွေးခင်ကတည်းက စိတ်လှုပ်ရှားနေမိသူတွေကဖေဖေနဲ့မေမေပါ။ ကလေးလေးမွေးလာပြီဆိုရင်လည်း ဘယ်လိုလေးများကြီးပြင်းလာမလဲဆိုပြီးနေ့ရက်တိုင်းမှာ စိတ်ကူးပုံဖော်နေရတာလည်း အမောပဲနော်။ စိတ်ကူးပုံရိပ်လေးတွေကို အကောင်းဆုံးဖော်ဆောင်နိုင်စေဖို့ဘေဘီလေးရဲ့ လအလိုက်ဖွံ့ဖြိုးမှုတွေကိုပြောပြပေးမယ်နော်။

၁ လသားအရွယ်

  •     ဘေဘီလေးတစ်ယောက် လျင်လျင်မြန်မြန်ကြီးထွားနေပါတယ်။
  •     မျက်လုံးချင်းဆက်သွယ်တတ်ပါပြီ။
  •     တစ်ခုခုလိုချင်ရင် ငိုပြီး ဆန္ဒကိုဖော်ထုတ်တတ်ပါပြီ။
  •     မေမေဖေဖေတို့ရဲ့ အသံနဲ့ အပြုံးတွေကိုပြန်တုံ့ပြန်တတ်ပါပြီ။

၂ လသားအရွယ်

  •     အရင်လထက်ပိုပြီး ဖွံ့ဖြိုးလာပါပြီ။
  •     မျက်နှာချင်းဆိုင်တတ်လာပြီ။
  •     မျက်လုံးချင်းဆုံပြီးပြုံးပြတဲ့သူတွေကိုပြန်ပြုံးပြတတ်ပါပြီ။
  •     အရာဝတ္ထုတွေထက် လူတွေကို ပိုစိတ်ဝင်တစားကြည့်တတ်လာပြီ။
  •     အသံတွကို တုံ့ပြန်တတ်ပြီ။
  •     ဒေါသထွက်တတ်ပြီ။

၃ လသားအရွယ်

  •     သိသာတဲ့ပြောင်းလဲတိုးတက်မှုတွေကိုတွေ့ရတော့မှာပါ။ သူ့စိတ်ကြိုက်လုပ်တတ်တဲ့ အကျင့်လေးတွေစရှိလာပြီ။
  •     ပြုံးပြရင်ပြန်ပြုံးပြတတ်ပြီ။
  •     ကိုယ်ဟန်အမူအရာကိုပါပြပြီး ချစ်တတ်လာပြီ။
  •     လက်ကမ်းတတ်ပြီ။
  •     ပွေ့ချင်ဖက်ချင်လာပြီ။
  •     ခြေထောက်လေးတွေစလှုပ်ရှားတတ်ပြီ။
  •     လူကြီးတွေရဲ့ အာရုံစိုက်မှုရဖို့ပြုံပြတတ်ပြီ။ ခိုးခိုးခစ်ခစ်ရယ်တတ်ပြီ။
  •     မျက်နှာမှာ အမူအရာပြတတ်ပြီ။
  •     အချို့သောလှုပ်ရှားမှုလေးတွေ လုပ်တတ်လာပြီ။

၄ လသားအရွယ်

  •     မှောက်လျက်အနေအထားမှာ လက်တွေကို အားယူတတ်လာပြီ။
  •     ပစ္စည်းလေးတွေကို စပြီး ဆွဲတတ်လာပြီ။
  •     အသံကျယ်ကျယ်လေးနဲ့ရယ်တတ်လာပြီ။
  •     ကစားရတာကို သဘောကျတတ်လာပြီ။
  •     ကစားရင်းစိတ်အခန့်မသင့်ရင် ငိုတတ်လာပြီ။

၅ လသားအရွယ်

  •     ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာပြီ။
  •     ခန္ဓါကိုယ်ကို ဟို၊ဒီလှိမ့်တတ်ပြီ။
  •     ပစ္စည်းတွေကို လက်တစ်ဖက်ကနေ တစ်ဖက်ဆီကိုပြောင်းတတ်ပြီ။
  •     တံထွေးတွေမှုတ်တတ်နေပြီ။
  •     ဖေဖေမေမေတွေအပြင်သွားရင် လိုက်ချင်လို့ ငိုတတ်ပြီ။
  •     အစားစားရင်းဆော့ကစားတတ်လာပြီ။
  •     နို့စို့ရာကနေ အစားတွေပါစစားတတ်လာတဲ့အရွယ်ပါ။

၆ လသားအရွယ်

  •     ခန္ဓါကိုယ်ကို ဘယ်ရော ညာရောကိုပါလှိမ့်တတ်လာပြီ။
  •     ပစ္စည်းသေးသေးလေးတွေကို သူ့ဆီရောက်အောင် ဆွဲယူတတ်လာပြီ။
  •     ပါးစပ်က ဘူးမှုတ်ရင်း၊ အသံလေးတွေ စထွက်တတ်လာပြီ။
  •     အမူအရာလေးတွေ ညင်သာလာပြီး အရင်ကထက်ပိုပြီးတက်တက်ကြွကြွရှိလာပါပြီ။

၇ လသားအရွယ်

  •     ဝမ်းလျားစမှောက်တတ်ပြီ။
  •     သွားချင်တဲ့ဆီကို နည်းနည်းမြန်မြန်လေးဦးတည်ရွှေ့တတ်လာပြီ။
  •     လက်ချောင်းလေးတွေ လက်မလေးတွေကို စအသုံးပြုတတ်ပြီ။
  •     ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေတတ်လာပြီ။
  •     ဒေါသထွက်တယ်ဆိုတာကို အမူအရာနဲ့ပြတတ်လာပြီ
  •     လူကြီးတွေလုပ်ပြတဲ့အသံအတိုင်း လိုက်လုပ်တတ်ပြီ။

၈ လသားအရွယ်

  •     သေချာထိုင်တတ်လာပြီ။
  •     လက်ခုပ်စတီးဖို့ကြိုးစားပြီ။
  •     နာမည်ခေါ်တဲ့ဆီကိုကြည့်တတ်ပြီ။
  •     တုံ့ပြန်မှုတွေလုပ်တတ်လာပြီ။
  •     သူစိမ်းတွေကို ရှက်တတ်လာပြီ။
  •     လူများရင် စိတ်ရှုပ်ထွေးတတ်လာပြီ။

၉ လသားအရွယ်

  •     ကုတ်ဖက်တွယ်တတ်ပြီ။
  •     လှေကားတွေတက်ချင်နေပြီ။
  •     လူကြီးတွေလုပ်ပြတဲ့ အမူအရာအတိုင်း လိုက်လုပ်တတ်ပြီ။
  •     မေမေဖေဖေတို့နဲ့ ကစားတတ်ပြီ။
  •     အရာဝတ္ထုလေးတွေကို စူးစမ်းသင်ယူပြီ။

၁၀ လသားအရွယ်

  •     မတ်တတ်စမ်းပြီ။
  •     အရုပ်တွေကို စပြီးရောထွေးတတ်ပြီ။ စိတ်ကြိုက်ရောနှောပြီးဆော့တတ်ပြီ။
  •     ကိုယ့်ကိုယ်ကို ယုံကြည်မှု စတင်တည်ဆောက်ပါပြီ။
  •     လက်ခုပ်တီးတာတွကိုပြန်တုံ့ပြန်တတ်ပြီ။
  •     ပျော်ရွှင်တာ၊ဒေါသဖြစ်တာ၊ စိတ်ဆိုးတာ၊ ဝမ်းနည်းတာတွေကိုသေသေချာချာဖော်ပြတတ်ပြီ။

၁၁ လသားအရွယ်

  •     သင့်ကို စာဖတ်ခွင့်၊ အလုပ်လုပ်ခွင့်မပေးတော့ပါဘူး။
  •     ဖေဖေမေမေ တီတီတာတာစခေါ်တတ်ပါပြီ။
  •     သူ့စိတ်ကြိုက်နေတတ်လာပြီ။
  •     စကားစပြောနေပြီ။
  •     ရေချိုးရတာကြိုက်လာပြီ။
  •     အပြင်သွားချင်လာပြီ။

၁၂ သားအရွယ်

  •     မတ်တတ်ကောင်းကောင်းရပ်နိုင်ပြီ။
  •     လမ်းစလျှောက်ဖို့ ကြိုးစားနေပြီ။
  •     အဝတ်အစားဝတ်ပေးတဲ့အခါ အလိုက်သင့်နေတတ်လာပြီ။
  •     ဒေါသထွက်တတ်၊ စိတ်ဆိုးတတ်ပြီ။
  •     ပြောင်စက်စက်လေးတွေ စလုပ်တတ်လာပြီ။

ဘေဘီလေးရဲ့ ပထမ တစ်နှစ်တာက စိတ်လှုပ်ရှားစရာတွေပြည့်နေသလို သင်ကြားပးရတာတွေ၊ ဂရုစိုက်ပေးရတာတွေက အများကြီးပါ။ တာထွက်ကောင်းမှာ ပန်းဝင်ကောင်းမှာဆိုတော့ဖေဖေမေမေတို့အနေနဲ့ မှတ်တိုင်တွေ စိုက်ထူမယ့်ဘေဘီလေးကို အကောင်းဆုံးဖြစ်အောင် ဂရုစိုက်ပျိုးထောင်ပြီးပျော်စရာကောင်းတဲ့ အမှတ်တရတွေကို ဖန်တီးနိုင်ကြပါစေကြောင်း……………

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly