တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူ ၁,၁၀၀ ကျော်အထိ မြင့်တက်

တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူ ၁,၁၀၀ ကျော်အထိ မြင့်တက်

ဖေဖော်ဝါရီ ၁၂။              ။ တရုတ်နိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ဖေဖော်ဝါရီ ၁၂ ရက်အထိ ဆိုရင် စုစုပေါင်း ၁,၁၁၃ ဦးအထိ ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒါဟာ ဖေဖော်ဝါရီ ၁၂ ရက်မှာ ယင်းဗိုင်းရပ်စ်ကြောင့် နောက်ထပ် လူ ၉၇ ဦး ထပ်မံသေဆုံးကြောင်း တရုတ် အမျိုးသား ကျန်းမာရေး ကော်မရှင်က ထုတ်ပြန်ပြီးနောက် ခုလို တနိုင်ငံလုံးအတိုင်းအတာ သေဆုံးသူဦးရေ တိုးလာခဲ့တာ ဖြစ်ပါတယ်။

တရုတ်မှာ လက်ရှိအချိန်အထိ ဒီဗိုင်းရပ်စ် ကူးစက်ခံထားရသူအရေအတွက်ဟာ ၄၄,၀၀၀ ကျော် အထိ ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ အဆိုပါ ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ အရေးပေါ်အခြေအနေကတော့ အများပြည်သူတွေရဲ့ နံပါတ်တစ် ရန်သူ  ဖြစ်နေပြီ ဆိုပြီး WHO ကလည်း ထုတ်ပြန်သွားပါတယ်။

ဗိုင်းရပ်စ် ကူးစက်မှုရဲ့ ၉၉ ရာခိုင်နှုန်းလောက်ဟာ တရုတ်မှာဖြစ်နေတယ်ဆိုပေမယ့်လည်း ယင်း ဗိုင်းရပ်စ် ဖြစ်ပွားမှုဟာ တကမ္ဘာလုံးကိုပါ ခြိမ်းခြောက်နေပြီး အရေးပေါ်အခြေအနေတစ်ခုအဖြစ် ဆက်ရှိနေဆဲဖြစ်တယ်လို့ WHO အကြီးအကဲ တက်ဒရို့စ် အက်ဟာနွန် ဂီဘရီယီဆက်စ်က ပြောသွားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ အဆိုပါ တရုတ်မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကိုတော့ COVID-19 ဆိုပြီး တရားဝင် အမည်တစ်ခု သတ်မှတ်ပေးထားခဲ့ပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly