ထိုင်းစစ်သားရဲ့ ရမ်းကားပစ်ခတ်ခဲ့တဲ့ လုပ်ရပ်အတွက် ထိုင်းစစ်တပ်အကြီးအကဲ ဝန်ချတောင်းပန်

ထိုင်းစစ်သားရဲ့ ရမ်းကားပစ်ခတ်ခဲ့တဲ့ လုပ်ရပ်အတွက် ထိုင်းစစ်တပ်အကြီးအကဲ ဝန်ချတောင်းပန်

ဖေဖော်ဝါရီ ၁၁။                ။ ထိုင်းစစ်သားတစ်ယောက်ရဲ့ စိတ်ရူးပေါက်ပြီး ရမ်းကားပစ်ခတ်မှုကြောင့် လူ ၂၉ ဦးထက်မနည်း သေဆုံးပြီး လူ ၅၀ ကျော် ဒဏ်ရာရစေခဲ့တဲ့ ဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်းအတွက် ထိုင်းစစ်တပ်အကြီး အကဲဖြစ်သူက ဖေဖော်ဝါရီ ၁၁ ရက်မှာပဲ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ပြီး ဝန်ချတောင်းပန်သွားခဲ့ပါတယ်။

ခုဖြစ်သွားခဲ့တဲ့ ဒီပစ်ခတ်မှုကြောင့်နဲ့ စစ်တပ်တစ်တပ်လုံးအပေါ် အပြစ်မတင်ကြစေလိုကြောင်း ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Apirat Kongsompong က ပြည်သူတွေကို တိုက်တွန်းသွားပါတယ်။

အထက်အရာရှိနဲ့ ပိုက်ဆံကိစ္စနဲ့ပတ်သက်လို့ စကားများပြီး ရမ်းကားပစ်ခတ်မှုတွေ ကျူးလွန်သွားခဲ့တဲ့ ထိုင်းစစ်သားရဲ့ လုပ်ရပ်အတွက် ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Apirat Kongsompong က ယနေ့မှာပဲ တရားဝင် တောင်းပန်သွားခဲ့တာဖြစ်ပါတယ်။

ထိုင်းတပ်ချုပ် Apirat Kongsompong ဟာ စစ်တပ်ကိုယ်စား ခုလို ဝန်ချတောင်းပန်စဉ်အတွင်း စိတ်မထိန်းနိုင်ဘဲ မျက်ရည်တွေ ကျခဲ့ပါသေးတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly