ကမ္ဘာနှင့်အဝန်း အင်တာနက်လွတ်လပ်ခွင့်မှာ ကျဆင်းလျှက်ရှိဟု Freedom House ပြော

ကမ္ဘာနှင့်အဝန်း အင်တာနက်လွတ်လပ်ခွင့်မှာ ကျဆင်းလျှက်ရှိဟု Freedom House ပြော

ဝါရှင်တန်၊ အောက်တိုဘာ-၂၉ ။               ။ ကမ္ဘာနှင့်အဝန်းတွင် အင်တာနက်ဆင်ဆာကွပ်ညှက်မှုမှာ ဆက်လက် ပြင်းထန်စူးရှလာနေလျှက်ရှိသည်။ လွတ်လပ်သောစောင့်ကြည့်အုပ်စု Freedom House ၏ အစီရင်ခံစာအရ အွန်လိုင်းသတင်းအချက်အလက်များကို ဆင်ဆာဖြတ်တောက်ပြီး ကုမ္ပဏီများနှင့်  တစ်သီးပုဂ္ဂလများမှာ ၎င်းတို့၏ လိုင်းတင်ပစ္စည်းများကို ဖြုတ်ချဖယ်ရှားရ (သို့မဟုတ်ပါက) ပြစ်ဒဏ်ခတ်ခံနေရသည့် နိုင်ငံများမှာ ၅နှစ်ဆက်ဆိုသလို ပိုများပြားလာနေခဲ့သည်ဟု ဆိုသည်။

နှစ်စဉ်ထုတ်ပြန်သည့် အင်တာနက်လွတ်လပ်ခွင့် အစီရင်ခံစာတွင် ၆၅နိုင်ငံကို အကဲဖြတ်ထားရာ တရုတ်ကို အဆိုးရွားဆုံးအဖြစ် သတ်မှတ်ထားသည်။ ပေကျင်း၏ ပေါ်လစီများကို ဝီဂါဆန့်ကျင်မှုတွင် ထိပ်တန်းဝေဖန်သူဖြစ်သည့် တက္ကသိုလ်ပညာရှင် အီလ်ဟန် တိုထီမှာ အွန်လိုင်းတွင် အစိုးရ၏ ဆုံးဖြတ်ချက်များကို မေးခွန်းထုတ်မှုဖြင့် ၂၀၁၄ခုနှစ်၊ စက်တင်ဘာလတွင် ထောင်တစ်သက်   ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ ယင်းမှာ လတ်တလောနှစ်များအတွင်း တရုတ်နိုင်ငံတွင် အပြင်းထန်ဆုံး စီရင်ချက်များအနက် တစ်ခုဖြစ်ခဲ့သည်။

သမ္မတ ရှီကျင့်ဖျင်လက်ထက် လွန်ခဲ့သည့်နှစ်နှစ်အတွင်း တရုတ်နိုင်ငံမှာ ဆင်ဆာကွပ်ညှက်ရာတွင် ပိုမိုပြင်းပျ သည်းထန်လာသည်ဟု The Economist မဂ္ဂဇင်း၏ ပေကျင်းဗျူရိုအကြီးအကဲ ဂါဒီ အက်စတိန်းက ပြောကြားခဲ့သည်။

‘သူတို့က ဂူဂဲကို ပိတ်ဆို့တယ်။ ဂျီမေးနဲ့ အခြားဂူဂဲဝန်ဆောင်မှုတွေကိုလည်း ပိတ်ဆို့တယ်။ အွန်လိုင်းတက်ကြွလှုပ်ရှားသူတွေ၊ အကျင့်ပျက်ခြစားမှုလို ကိစ္စတွေမှာ လွတ်လွတ်လပ်လပ် သဘောိထားမှတ်ချက်ပေးသူတွေကို ပိုပိုပြီး ဖမ်းဆီးလာတယ်’’ဟု အက်စတိန်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှာ ဤပုံစံဖြိုခွင်းမှု တရိပ်ရိပ်မြင့်မားလာနေရာ တစ်ခုတည်းသောနိုင်ငံဖြစ်သည်ဟုလည်း Freedom House က ပြောကြားခဲ့သည်။ ရုရှနှင့် အီရန်နိုင်ငံတွင်လည်း အစိုးရက ဝေဖန်ထိုးနှက်သည်ဟု ယူဆသည့် ပို့စ်တင်သူများမှာ အလွယ်တကူ စောလျင်စွာ ထောင်နန်းစံနေကြရသည်။   

 ‘အဲဒီလိုနိုင်ငံတွေက နိုင်ငံရေးလူမှုရေးကိစ္စတွေကို ပိတ်ဆို့ချင်ကြတယ်။ လူ့အခွင့်အရေးနဲ့ အတိုက်အခံအကြောင်း ရေးသားသူတွေကို ဖမ်းဆီးချင်ကြတယ်’ဟု အစီရင်ခံစာ၏ ညွှန်ကြားရေးမှူး ဆန်ဂျာ ကယ်လီက ပြောကြားခဲ့သည်။

ဆီးရီးယားမှာ ဒုတိယအဆိုးရွားဆုံးနိုင်ငံဖြစ်သည်ဟု ဆိုသည်။ ဘလော့ဂါ၊ ဂျာနယ်လစ်နှင့် တက်ကြွလှုပ်ရှားသူများမှာ နိုင်ငံအတွင်းရှိ လက်နက်ကိုင်အုပစ်စုများ၏ သုတ်သင်ကွက်မျက်မှုကို ရင်ဆိုင်နေကြရသည်။

တတိယအဆိုးရွားဆုံးဖြစ်သည့် အီရန်နိုင်ငံတွင်မူ မြန်နှုန်းမြင့်မားလာပြီး 3G ဖုန်းကွန်ရက်များ ကောင်းမွန်လာသော်လည်း အဆင့်အမြင့်ဆုံးခေါင်းဆောင် အလီ ခါမေနီအပါအဝင် တီဟီရန်၏ ရှေးရိုးစွဲ အာဏာပွဲစားများက အင်တာနက်ကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly