နောက်ဆုံးအပြောင်းအရွှေ့စျေးကွက် (၂)ခုအတွင်း ချယ်လ်ဆီးအသင်း ပေါင် (၁၇၄)သန်း အမြတ်ထွက်ခဲ့ပြီး ဥရောပထိပ်သီးလိဂ် (၅)ခုမှာ အမြတ်ငွေ အများဆုံးရအသင်းဖြစ်၊ ရီယဲလ်အသင်း ပေါင်သန်း (၁၅၀)ကျော် အရှုံးပြ

နောက်ဆုံးအပြောင်းအရွှေ့စျေးကွက် (၂)ခုအတွင်း ချယ်လ်ဆီးအသင်း ပေါင် (၁၇၄)သန်း အမြတ်ထွက်ခဲ့ပြီး ဥရောပထိပ်သီးလိဂ် (၅)ခုမှာ အမြတ်ငွေ အများဆုံးရအသင်းဖြစ်၊ ရီယဲလ်အသင်း ပေါင်သန်း (၁၅၀)ကျော် အရှုံးပြ
Photos: EPA

ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးအပြောင်းအရွှေ့စျေးကွက် (၂)ခုအတွင်း ကမ္ဘာပေါ်က ဘယ်ကလပ်အသင်းထက်မဆို အမြတ်ငွေအများဆုံးရရှိတဲ့ အသင်းအဖြစ် ရပ်တည်ခဲ့တယ်လို့ အသစ်ထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

လူငယ်ကစားသမားခေါ်ယူရာမှာ ဖီဖာရဲ့ စညည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ကစားသမားခေါ်ယူခွင့် ပိတ်ပင်ပြစ်ဒဏ်ခံယူခဲ့ပြီးဖြစ်တဲ့ လန်ဒန်ကလပ်ဟာ ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့မှာလည်း ကစားသမားသစ်ခေါ်ယူမှု မပြုလုပ်ခဲ့ဘဲ ကိုဗာချစ်အတွက် ပေါင် (၃၈)သန်းသာ သုံးစွဲခဲ့ပေမယ့် ကစားသမားရောင်းချမှုတွေကနေ ပေါင် (၁၇၃.၇)သန်းအထိ ရရှိခဲ့ပါတယ်။

နာမည်ကျော် ဘောလုံးသုတေသနအဖွဲ့ CIES က ၂၀၁၉ နွေရာသီနဲ့ ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက် (၂)ခုကနေ ကစားသမားအပြောင်းအရွှေ့တွေကို စစ်တမ်းပြုစုကာ ၂၀၁၉-၂၀ ရာသီအတွက် အပြောင်းအရွှေ့လှုပ်ရှားမှု အရှုံးအမြတ်စာရင်းကို ဖော်ပြခဲတာလည်းဖြစ်ပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ အပြောင်းအရွှေ့စျေးကွက် (၂)ခုမှာ အရှုံးအပေါ်ဆုံးအသင်းကတော့ ဟာဇက်အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် (၈၅)သန်းအပါအဝင် အပိုဆုကြေးပါ ချယ်လ်ဆီးကို ပေးချေခဲ့ရတဲ့ ရီးယဲလ်မက်ဒရစ်ဖြစ်ပြီး ပေါင် (၁၅၃)သန်းအထိ အရှုံးပြခဲ့ပါတယ်။

အံ့အားသင့်စရာဖြစ်ခဲ့ရတာကတော့ ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာအသင်းက ပေါင် (၁၄၆)သန်း သုံးစွဲခဲ့ပြီး ဝင်ငွေ (၂.၅)သန်းသာ ရရှိတာကာ ပေါင် (၁၄၃.၅)သန်း အနှုတ်ပြခဲ့တာကြောင့် ရီးယဲလ်ပြီးနောက် ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေဟာ ဥရောပရဲ့ ထိပ်သီးလိဂ် (၅)ခုမှာ သူတို့ရဲ့ ဝင်ငွေထက် ပေါင် (၇၁၅)သန်းကျော် သုံးစွဲပြီး အများဆုံးသော အသားတင်လိုငွေပြတဲ့ အသင်းတွေဖြစ်ပါတယ်။ ပြင်သစ်လီဂူး-၁ ဂ်တစ်ခုတည်းကသာ ပေါင်သန်း (၉၀) အမြတ်ထွက်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့ ဇွန်လ ၃၀ ရက်နေ ၂၀၁၉ ခုနှစ်အထိ နှစ်ကုန်ဘဏ္ဍာရေးရှင်းတမ်းမှာ ပေါင် (၉၆.၆)သန်း အရှုံးပေါ်မှုတစ်ရပ်စံချိန်တင်ခဲ့ပြီးနောက် သူတို့ဟာ အသားတင်ဝင်ငွေအရ ထိပ်ဆုံး (၁၀)သင်းထဲမှာ ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းအဖြစ် ရပ်တည်နေခဲ့တာပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ဂျာအို ဖိလစ်ကို အက်သလက်တီကိုဆီ ပေါင် (၁၁၃)သန်းနဲ့ ရောင်းချခဲ့တဲ့ ဘင်ဖီကာအသင်းက အမြတ် ပေါင် (၁၄၁)သန်းနဲ့ ဒုတိယအမြတ်အများဆုံးရ အသင်းဖြစ်ပြီး အေဂျက်စ်အသင်းက လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဒီလစ်နဲ့ ဖရန်ကီ ဒီဂျောင်တို့ကို ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာတို့ဆီ အသီးသီး ရောင်ချခဲ့ပြီးနောက် ပေါင် (၁၁၆)သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

အရှုံးပေါ်ဆုံး ထိပ်ဆုံး (၁၀)သင်းထဲမှာ ဗီလာအသင်းနောက် ပေါင် (၁၂၈)သန်း နဲ့ ပေါင် (၁၁၉)သန်း အသီးသီး သုံးစွဲခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်တို့က အဆင့် (၄)နဲ့ (၅) နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

အာဆင်နယ်အသင်းက သူတို့ ရရှိတဲ့ ဝင်ငွေထက် ပေါင် (၇၂)သန်း သုံးစွဲပြီး အဆင့် (၁၁)နေရာမှာ ရှိနေခဲ့ပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly