ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး နောက်ပြောင်မိတဲ့အတွက် ပြန်တောင်းပန်ခဲ့ရတဲ့ ဒယ်လီ အယ်လီ

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး နောက်ပြောင်မိတဲ့အတွက် ပြန်တောင်းပန်ခဲ့ရတဲ့ ဒယ်လီ အယ်လီ

တော့တင်ဟမ် ကွင်းလယ်လူ ဒယ်လီ အယ်လီဟာ လူမှုကွန်ရက်ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး နောက်ပြောင်တဲ့ ဗီဒီယိုတစ်ခု တင်မိခဲ့လို့ ပြန်လည်တောင်းပန်ခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် အယ်လီဟာ လေဆိပ်တစ်ခုမှာ မျက်နှာစည်းတပ်ဆင်ရင်း  အာရှသားတစ်ဦးကို ဦးတည်ရိုက်ကူးခဲ့ပြီး အဲဒီမြင်ကွင်းပြီးနောက် ပိုးသတ်လက်ဆေးဘူးကို ရိုက်ကူးကာ ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်အကြောင်း နောက်ပြောင်ပြောဆိုထားတဲ့ ဗီဒီယိုင်တစ်ခုကို Snapchat မှာ တင်ခဲ့တာဖြစ်ပါတယ်။

သူဟာ နောက်ပိုင်း အဲဒီပို့စ်ကို ပြန်ဖျက်ခဲ့ပြီး အဲဒီနောက်မှာ တောင်းပန်တဲ့ ဗီဒီယိုအသစ်တစ်ခုကို တရုတ်လူမှုကွန်ရက်ပလက်ဖောင်း Weibo မှာ လွှင့်တင်ခဲ့ပါတယ်။

ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)က အယ်လီရဲ့ အမြင်နဲ့ ရေးတင်ထားတဲ့ ပို့စ်နဲ့ ပတ်သက်လို့ သူ့ကို စာရေးသား မေးမြန်းခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် တရုတ်မှာ လူ ၉၀၀ ကျော် သေဆုံးပြီး ကမ္ဘာ့အနှံ႔ကူးစက်ခံရသူ ၄၀,၀၀၀ ကျော် ရှိတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

Read: ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရသတင်းများကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

ယူကေအစိုးရဟာ ဗိုင်းရပ်စ်းပိုးကို အများပြည်သူကျန်းမာရေးအတွက် "ကြီးလေးပြီး လွဲရှောင်လို့မရတဲ့ ခြိမ်းခြောက်မှုတစ်ခု"အဖြစ် ဖော်ပြခဲ့ပါတယ်။

"မနေ့က Snapchat မှာ တင်ခဲ့တဲ့ ဗီဒီယိုအတွက် အနူးအညွှတ်တောင်းပန်ပါတယ်။ ဒါက ရယ်စရာ မဟုတ်ပါဘူး။ ကျနော် သတိပြုမိမိချင်းပဲ ဒါကို ပြန်ဖြုတ်ချခဲ့ပါတယ်။"လို့ အင်္ဂလန်လက်ရွေးစင်ကစားသမား အယ်လီက ပြောပါတယ်။

"ဒါက လှောင်သင့်တဲ့ ကိစ္စမဟုတ်ပါဘူး။ တရုတ်မှာ ရှိသူအားလုံးကို ကျနော် မေတ္တာပို့သလိုက်ပါတယ်။"
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly