ဝူဟန်ဗိုင်းရပ်စ် ပြန့်နှံ့နေချိန် မှာ မဖြစ်မနေ ခရီးသွား ရတော့မယ်ဆိုရင်

ဝူဟန်ဗိုင်းရပ်စ် ပြန့်နှံ့နေချိန် မှာ မဖြစ်မနေ ခရီးသွား ရတော့မယ်ဆိုရင်

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဝူဟန်ဗိုင်းရပ်စ် ဟာ တရုတ်နိုင်ငံဝူဟန်မြို့ကအစပြုကာ နိုင်ငံပေါင်း(၁၈)နိုင်ငံကျော်ကို ပျံ့နှံ့လျှက်ရှိပါတယ်။ လူရာပေါင်းများစွာဟာ ဝူဟန်ဗိုင်းရပ်စ် ကြောင့် ပြင်းထန် အဆုတ်ရောဂါကို ခံစား ရပြီးသေဆုံးခဲ့ကြပါတယ်။ ဒီလိုသေဆုံးမှုတွေဟာ တရုတ်ပြည်မှာ ဖြစ်ပွားခဲ့တာပါ။ ဒီလိုအခြေ အနေမျိုးမှာ လူထူထပ်တဲ့နေရာကို အတတ်နိုင်ဆုံးရှောင်ရှားသင့်ပါတယ်။ဒါပေမယ့် ဒီလို ကြောက်စရာ အခြေအနေမှာ မဖြစ်မနေ ခရီးသွား ရတော့မယ်ဆိုရင် ဗိုင်းရပ်စ်မကူးစက်အောင်ကြိုတင်ကာကွယ်ရမယ့်နည်းလမ်းတွေကို သိထားသင့်ပါတယ်။

(၁)      ခရီးလမ်းမှာ ဖျားနာသူတွေကို ဝေးဝေးကရှောင်ရှားပါ။

ပြင်းထန်အဆုတ်ရောင်လက္ခဏာတွေဟာ သာမန်အ‌အေးမိတဲ့ လက္ခဏာ ‌တွေနဲ့ခပ်ဆင်ဆင်တူပါတယ်။ ဒါကြောင့် သင်ဟာ လေယာဉ်ဖြစ်စေ၊ ကားရထားဖြစ်စေနဲ့ ခရီးသွားလာနေချိန်မှာ သင့်ရဲ့အနီးအနားက ခရီးသွားဖော်တစ်စုံတစ်ယောက်မှာ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းနဲ့ လည်ချောင်းနာခြင်း၊ အသက်ရှူရခက်ခဲခြင်းစတဲ့လက္ခဏာတွေတွေ့ရင်တော့ ဝေးဝေးကနေရှောင်ရှားလိုက်ပါ။

(၂)      လက်ကိုမကြာခဏဆေးကြော ပေးပါ။

လက်ဆေးခြင်းဟာ အလွန်အရေးကြီးတဲ့အချက်တစ်ချက်ပါ။ သင့်ရဲ့မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ် တို့ကိုထိတွေ့ခြင်းမှ ရှောင်ရှားပေးပါ။ လက်မဆေးခင်မကိုင်ပါနဲ့။ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိအောင် နေထိုင်ပါ။

(၃)      သင့်မှာအထက်ပါရောဂါလက္ခဏာတွေ့ရှိရင် ဆေးကုသမှုကိုခံယူပါ။

သင်ဟာခရီးသွားနေရင်းအချိန်မှာပဲ ချောင်းဆိုးနှာစေးခြင်းနဲ့ ဖျားနာခြင်းတို့ကိုခံစားလာရပြီးဆို ရင်တော့ အနီးစပ်ဆုံး ကျန်းမာရေးဝန်ဆောင်မှုရနိုင်တဲ့နေရာကို သွားရောက်ပြီးဆေးကုသမှုကို အမြန် ဆုံးခံယူပါ။

(၄)      ဖျားနာနေတဲ့အချိန်မှာ ခရီးမသွားပါနဲ့။

မဖြစ်မနေခရီးသွားရတော့မယ်ဆိုရင်တောင် နေမကောင်းဖြစ်နေတဲ့အချိန်ကိုတော့ ရှောင်ပေးပါ။ သင့်ကျန်းမာအောင်ခတ္တခဏစောင့်ပြီးမှသွားပါ။

(၅)      သင်ချောင်းဆိုးနှာစေးရင် နှာခေါင်းပါးစပ်တို့ကိုပိတ်ထားပါ။

ဒါကတော့ အတော်လေးရိုးရှင်းပါတယ်။ လူတိုင်းနိုင်လုပ်နိုင်တဲ့လူကျင့်ဝတ်ပါပဲ။ သင်ကိုယ်တိုင် ကူးစက်မှာကြောက်ရင် သင့်ရဲ့ရောဂါကိုလည်း သူများကိုမကူးပါစေနဲ့။

(၆) “Mask”တပ်ပေးပါ။

နှာခေါင်းစည်းတပ်ပေးပါ။ နှာခေါင်းစည်းတပ်ပေးခြင်းဟာ သင့်ပါးစပ်နဲ့ နှာခေါင်းကို ရောဂါပိုး တွေကူးစက်လာခြင်းမှကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် တပ်ထားချိန်မှာတော့ နှာခေါင်းစည်းကိုလက်နဲ့ ထိခြင်းကနေကာကွယ်ပေးပါ။ တစ်ခါသုံးပြီးလွှင့်ပစ်ပါ။ ပြီးရင်လက်ဆေးပါ ယခုအခါမှာ နှာခေါင်းစည်း တွေဟာ ဈေးကွက်မှာဝယ်ဖို့ခက်ခဲလာပါတယ်။ ဒါပေမယ့် နှာခေါင်းစည်းကိုပဲ အာရုံမထားပါနဲ့။ ကျန်းမာရေးဝန်ထမ်းတွေသာလျှင်မဖြစ်မနေ“Mask”တပ်ဆင်ထားပါ။နှာခေါင်းစည်းကလည်းဗိုင်းရပ်စ်ကိုအပြည့်အဝမကာကွယ်နိုင်ပါဘူး။ ဒါကြောင့် လက်ကိုသာသေချာဆေးကြောပေးပါ။

(၇)      အစားအသောက်ဆင်ခြင်ပါ။

အပြည့်အဝချက်ပြုတ်ထားတဲ့အစားအစာတွေကိုသာစားပေးပါ။ မကျက်တကျက်အသားတွေကို ရှောင်ပါ။   တိရစ္ဆာန်တွေနဲ့ အတတ်နိုင်ဆုံးဝေးဝေးနေပါ။   အထူးသဖြင့်   ဖျားနာနေတဲ့တိရစ္ဆာန်တွေနဲ့ဝေးဝေးနေပါ။ အသားငါးဈေးတွေကိုလည်း လည်ပတ်သွားလာခြင်းကရှောင်ကြဉ်ပါ။

(၈)      ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင်ပါ။

ဗိုင်းရပ်စ်ပိုးရဲ့ သဘောသဘာဝဟာ ကိုယ်ခံအားကောင်းနေသူတစ်ယောက်ကို ဝင်ရောက်နိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် အတတ်နိုင်ဆုံးကိုယ်ခံအားစနစ်ကောင်းအောင်မွေးမြူပါ။ အစားအစာကိုပြည့်ပြည့် ဝဝစားပေးပါ။  ဗီတာမင် C ပါတဲ့ဆေးမျိုး တွေကို ပုံမှန်သောက်သုံးထားရင် အကောင်း ဆုံးပါ။

ဝူဟန်ဗိုင်းရပ်စ်ဟာ ကာကွယ်ဆေးမရှိသေးပါဘူး။ ဒါကြောင့် ဒီလိုကြောက်စရာကောင်းတဲ့ အချိန်မှာ ခရီးသွားလာခြင်းကိုအတတ်နိုင်ဆုံးမလုပ်တာအကောင်းဆုံးပါ။ မဖြစ်မနေခရီးသွားရမယ့် အခြေအနေတွေရှိလာရင်တော့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ခေါ်မသွားတာအကောင်း ဆုံးပါ။ သူတို့တွေဟာ လူငယ်လူရွယ်တွေထက် ကိုယ်ခံအားနည်းလို့ပါ။ ဒီတော့ခရီးသွားမယ်ဆိုရင် ကြောက်စရာဝူဟန်ဗိုင်းရပ်စ်မကူးစက်အောင် အထက်ပါနည်းလမ်းတွေအတိုင်း ကြိုတင်ကာကွယ်ထား လိုက်ပါနော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly