Myamar Marko Company ရဲ့ ထုတ်ကုန်တွေ စျေးကွက်ကို ဘယ်လို ထိုးဖေါက်နေသလဲ

Myamar Marko Company ရဲ့ ထုတ်ကုန်တွေ စျေးကွက်ကို ဘယ်လို ထိုးဖေါက်နေသလဲ

ဒီတစ်ပါတ် ဒီအစီအစဉ်ကနေ တွေ့ဆုံမေးမြန်း မယ့်သူကတော့ Myamar Marko Company လီမိတက်ရဲ့ အုပ်ချုပ်မှူး ဒါရိုက်တာ ဦးမိုးမြင့်ကျော် ဖြစ်ပါတယ်။ ဦးမိုးမြင့်ကျော်ကတော့ ရယ်ဒီငါးသေတ္တာနဲ့ အသင့် စားဟင်းဗူးတွေကို ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချနေတာပါရှင့်။ ဒါကြောင့် ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာ မေးခွန်းတွေကို မေးမြန်းသွားမှာ ဖြစ်ပါတယ်။

 

အသင့်စားလို့ရတဲ့ ထုတ်ကုန်ပစ္စည်းတွေ ဆိုလို့ရှိရင် လူတွေက ပြည်ပကလာတဲ့ ပစ္စည်းတွေကို ပြေးမြင်မိကြတာတွေလည်း ရှိတယ်ရှင့်။  အဲဒီတော့ ဦးမိုးမြင့်ကျော် အနေနဲ့ပေ့ါနော်။ ဒီဟာကို ထုတ်လုပ်တဲ့ နေရာမှာပေ့ါနော်။ ဒီဈေးကွက်မှာ ဘယ်လောက်အထိ နေရာယူနေပြီးလဲ၊ ပြီးတော့ ဒီ Costumer တွေရဲ့လက်ထဲကိုကော ဘယ်လောက်အထိ ရောက်နေပြီလို့ ထင်ပါသလဲရှင်။

အစမှာ ကျွန်တော်တို့က ငါးသေတ္တာ လို့ဆိုရင် နိုင်ငံခြားကလာတဲ့ ငါးသေတ္တာတွေကိုပဲ ကျင့်သား ရပြီးတော့ ပြေးမြင်ကြပါတယ်။ အဲဒီအတွက်ကို ကျွန်တော်တို့က ဈေးကွက်မှာ ဘာလုပ်ရလဲ ဆိုလို့ရှိရင် ကျွန်တော်တို့ ပစ္စည်းသည် နိုင်ငံတကာအဆင့်မှီတဲ့ ထုတ်ပိုးပုံ နည်းစနစ်၊ နောက်တစ်ခါ ကျွန်တော်တို့က ဒီသန့်ရှင်း လတ်ဆက်မှု၊ စသည်ဖြင့် ကျွန်တော်တို့က ပြင်ဆင်ရပါတယ်။ ပြင်ဆင်ပြီး ဈေးကွက်ကို ထိုးဖောက်ပြီးတော့ နာမည် ရလာတဲ့အခါကျမှပဲ ကျွန်တော်တို့က ဒီဈေးကွက်ဆိုင်ရာကို ကျွန်တော်တို့ ဖြည်းဖြည်းချင်း ယူလာလု့ိရတာပါ။ အဓိကကတော့ စားသုံးသူတွေရဲ့ ယုံကြည်ကိုးစားမှု ရလာတဲ့အထိကို ကျွန်တော်တို့က တည်ဆောက်ယူရတာပါ။

 

အိမ်နီးချင်း နိုင်ငံတွေနဲ့ ထုတ်ကုန်တူတဲ့ ကုန်ပစ္စည်းကို ဦးမိုးမြင့်ကျော်က အခုဆိုရင် ထုတ်လုပ်နေတာ ဖြစ်တယ်ပေ့ါနော်။ အဲဒီတော့ ဒီအိမ်နီးချင်းနိုင်ငံတွေနဲ့ တန်းတူများ ဈေးကွက်ရလား၊ ပိုနေလား ဒါမှမဟုတ် စစဦးဆုံးမှာ ယှဉ်ပြိုင်မှုကကော ဘယ်လိုရှိလဲရှင့်။

အစပိုင်းကတော့ ကျွန်တော်တို့က နောက်ကလိုက်ရတာပေ့ါနော်။ နိုင်ငံခြားတိုင်းပြည်ကနေ ဝယ်လာတဲ့ ဆီသွပ်ဗူးတွေက နေရာယူထားတဲ့အခါ ဖြစ်နေတဲ့အတွက်ကျတော့ ကျွန်တော်တို့တွေက ဒါကို ဒီအနောက်ကနေလိုက်ရပါတယ်။ အဲလိုနဲ့ ကျွန်တော်အခုန ပြောသလိုပဲ ကျွန်တော်တို့ဘက်က ကြိုးစားမှု၊ လတ်ဆတ်မှုတွေ အနေနဲ့ ပေါင်းစပ် လာတဲ့အခါမှာ ကျွန်တော်တို့က စားသုံး ခြင်းအားဖြင့် ပိုပြီးတော့ လတ်လတ်ဆပ်ဆပ် စားသုံးရတယ်။ နောက်တစ်ခါကျွန်တော်တို့က အားနည်းချက်ရှိတာ နိုင်ငံခြား တိုင်းပြည်တွေက ဒီကိုပို့တဲ့အခါမှာ သူတို့တိုင်းပြည်က ထွက်ထွက်ချင်း ပစ္စည်းကို ပို့တာမဟုတ်ဘူး။ ကျွန်တော်တို့ဆီကို ဈေးကို ကျွန်တော်တို့ လျှော့ချပြီး ဒီကိုပို့တဲ့ ပစ္စည်းမျိုးက များပါတယ်။ များတဲ့အခါက တော့ အဲဒီအချိန်မှာ စားသုံးတဲ့လူက သိပါတယ်။ လတ်ဆတ်မှုဟာ ကွာပါတယ်။ နောက်တစ်ခါ နိုင်ငံခြားက ပစ္စည်း ဖြစ်တဲ့အတွက်ကြောင့် သူတို့မှာ အားနည်းချက်က ဘာရှိလဲဆိုလို့ရှိရင် များသော အားဖြင့်က Supermarket လို ဆိုင်ကြီးတွေမှာပဲ ရှိကြတာများတာပေ့ါနော်။ နိုင်ငံအနှံ့ကို ကျွန်တော်က ရောက်နိုင်တဲ့အင်အားရှိလာပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ Market Share က သူတို့ထက်သာသွားတာပါ။

 

လက်ရှိအခြေအနေမှာ Market Share  က အခုနက ၆၀% လောက်ရှိတယ်လို့ ဦးမိုးမြင့်ကျော် ပြောသွားတာလေး ရှိတယ်ဆိုတော့၊ နေ့စဉ်ပေ့ါနော် ထုတ်လုပ် ရောင်းချမှုနှုန်း ဒီ ပြည်သူတွေ လက်ထဲပေ့ါနော်။ စားသုံးသူတွေ လက်ထဲပေ့ါနော် ထည့်တဲ့နှုန်းကကော ဘယ်လောက် ထုတ်လုပ်နေလဲရှင့်။

ကျွန်တော်တို့ ယေဘုယျအားဖြင့် ကျွန်တော်တို့ စည်သွပ် စက်ရုံတွေမှာက ဘာနဲ့ ကျွန်တော်တိုင်းထွာလဲ ဆိုရင် နေ့စဉ် ငါးကုန်တန်ချိန် ဘယ်လောက်၊ အသားကုန် တန်ချိန် ဘယ်လောက်နဲ့ ထုတ်တယ်ဆိုပြီး ကျွန်တော်တို့က တိုင်းထွာတာပေ့ါနော်။ ပြောမယ်ဆိုရင် တစ်ရက်ကို ကျွန်တော် တို့က ၁၀ တန် ပတ်ဝန်းကျင်လောက် ကျွန်တော်တို့ ကုန်ကြမ်းကို သုံးတယ်လို ကျွန်တော်တို့ ပြောလို့ ရပါတယ်။

 

အဲဒီအတွက် ဒီကျွန်မတို့နိုင်ငံမှာကပေါ့နော် ပြည်ပပို့ကုန်ကဏ္ဍမှာဆိုရင်လဲ အရေ အတွက်က အရမ်းကို နည်းနေသေးတယ်ပေ့ါနော်။ အဲဒီတော့ ဦးမိုးမြင့်ကျော်အနေနဲ့ ဒီ ရယ်ဒီ အမှတ်တံဆိပ် ငါးသေတ္တာကိုပေ့ါနော် ဒီနိုင်ငံခြားကိုပေ့ါ ပြည်ပကို ရောင်းချဖို့အတွက် စိတ်ကူးကော ရှိလာရှင့်။

မှန်ပါတယ် ကျွန်တော်တို့ ဒီနိုင်ငံခြားကို ပို့တဲ့အခါကျတော့ ဒီဆီသွပ်လုပ်ငန်း Infrastructure ကြီးက အင်မတန် ကြီးမားပါတယ်။ တစ်ခါတစ်လေ ပြည်တွင်းကုန်ကြမ်း မရနိုင်တဲ့ဟာမျိုးတွေရှိတယ်။ ဥပမာ ဆိုပါဆို့ ကျွန်တော်တို့က ကမ္ဘာ့ဈေးကွက်မှာ ကျယ်ပြန့်နေတဲ့ တူနာလိုငါးမျိုးဆိုရင် ထူးခြားချက်ကိုက တစ်ကမ္ဘာလုံးက ဖွင့်တဲ့ငါးကို ထုတ်တဲ့နိုင်ငံတွေမှာ ဒီလိုဆီသွပ်လုပ်နေတဲ့နိုင်ငံတွေ လေဗာပေ့ါတဲ့ နိုင်ငံတွေမှာ လာထုတ်တယ်။ ပြီးတော့ တစ်ကမ္ဘာလုံးပြန်ဖြန့်လာတယ်။ ဒီလိုလုပ်ငန်းမျိုးတွေ လုပ်ကိုင် နိုင်မှ ကျွန်တော်တို့က တကယ့်ဈေးကွက်မှာ ထိုးဖောက်ဝင်ယူနိုင်တာပါ။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံ တော်ရဲ့ ပေါ်လစီပိုင်းတွေလဲ လိုတာပေ့ါနော်။

 

နောက်ဆုံးတစ်ခုလောက် မေးချင်တာကတော့ ဒီအာစီယံ စီးပွားရေးအသိုက်အဝန်းပေ့ါနော် AEC ဆိုတာလည်း မကြာခင်လာတော့မယ်ရှင့်။ အဲဒီတော့ ဒီ AEC လာမည့်အချိန်မှာ ဦးမိုးမြင့်ကျော်တို့ဘက်က ယှဉ်ပြိုင်နိုင်ဖို့အတွက် ပြင်ဆင်ထားတာဟာမျိုး ရှိလား ဒါမှမဟုတ်ရင် ယှဉ်ပြိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီးလို့ကော ထင်လားရှင့် အဲဒါလေးလဲ ပြောပြပါဦးရှင်။

ကျွန်တော်တို့ဘက်က သူတို့ထက်သာအောင် ကျွန်တော်တို့က ကုန်ကြမ်းကို ပိုရနိုင်မယ့် နည်းလမ်းတွေ ကျွန်တော်တို့ အလုပ်သမားတွေကအစ ပိုပြီးကျွမ်းကျင်အောင် ကျွန်တော်တို့ လုပ်တဲ့နည်းလမ်းတွေ၊ နောက်တစ်ခါ ထိန်းသိမ်းတဲ့ နည်းလမ်းတွေပေ့ါ နော်။ နောက်တစ်ခါ ကျွန်တော်တို့အလုပ်သမားတွေ အရည်အသွေးပြည့်ဝလာအောင် လုပ်တဲ့ နည်းလမ်းတွေနဲ့ ကာကွယ်ခြင်းအားဖြင့် နောက်လာတဲ့ ဖေါက်သည်အသစ်တွေကို ကျွန်တော်တို့ သိပ်ကြောက်စရာမလိုဘူးလို့ ထင်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly